Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က စစ်ဘေးရှောင် ၃ သိန်းကျော် စားနပ်ရိက္ခာအခက်အခဲကြုံနေ

ရက္ခိုင်က စစ်ဘေးရှောင် ၃ သိန်းကျော် စားနပ်ရိက္ခာအခက်အခဲကြုံနေ

AB News-ဇန်နဝါရီ ၃၁၊ ၂၀၂၄

စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားသည့်အတွက် ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင် ၃ သိန်းကျော်မှာ စားနပ်ရိက္ခာအခက်အခဲဖြင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။

ရက္ခိုင်တွင် တိုက်ပွဲ စဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ရက္ခိုင်တပြည်လုံးအား စစ်ကောင်စီအဖွဲ့က ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ကာ ပြည်သူများ ဖြတ်သန်းသွားလာခွင့်များကို ပိတ်ဆို့ထားခဲ့သည်။

ထိုသို့ လမ်းများကို ပိတ်ဆို့ထားသည့်အပြင် ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းများကိုလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှစပြီး စစ်ကောင်စီက ဖြတ်တောက်ထားခဲ့သည်။

ထို့အပြင် ရက္ခိုင်ပြည်အနှံ့မြို့နယ်အများစုတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိရာ ပြည်တွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ရသူများ နေ့စဥ် တိုးလာလျက်ရှိနေသည်။

တစ်ဖက်တွင် စစ်ကောင်စီသည် ဆက်သွယ်ရေး ကြည်း၊ ရေ၊ နှင့် ဖုန်း အင်တာနက်ဆက်သွယ်ရေးများကို ဖြတ်တောက်ကာ တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ကမ်းထောင်းကြီး စသည့်မြို့နှင့် နယ်ဖက် ကျေးရွာများမှ ပြည်သူများမှ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။

ထို့အပြင် စစ်ကောင်စီ၏ လမ်းပိတ်ဆို့ထားမှုကြောင့် ကုန်ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လျက်ရှိရာ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများမှ အငတ်ဘေး ကြုံရမည့် အနေအထားသို့ ရောက်နေသည်ကိုတွေ့ရသည်။

ရက္ခိုင်တွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရရှိသူ ၃၀၀ ကျော်ထိ မြင့်တက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွားလာနေပြီး နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုလည်း လုံလုံလောက် ရရှိမှုမရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ Volker Turk က ယမန်နေ့ ဇန်နဝါရီ ၃၀နေ့က ထုတ်ဖော်ပြောဆိုထားသည်။

ABN#Arakan#IDPs#EmergencyAidsNeed

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ