Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော် AA မှ ကယ်ထုတ်လာသည့် ပေါက်တောဒေသခံများ စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီ လိုအပ်နေ

AB News – နိုဝင်ဘာ ၂၂၊ ၂၀၂၃

စစ်ကောင်စီမှ ဓားစာခံပြုလုပ်ထားသည့် ပေါက်တောမြို့ဒေသခံများအား ရက္ခိုင့်တပ်တော် AA မှ ကယ်ထုတ်ခဲ့ပြီး ၎င်းတို့စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီများ အပ်နေကြောင်း ( ARE) ကထုတ်ပြန်သည်။

လက်ရှိတွင် ပြည်သူ ၁၀၀ ကျော်တို့အား အရေးပေါ်စားဝတ်နေရေးအတွက် ARE မှ ငွေကျပ် ၁၅ သိန်း ပေးလှူထားကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် ” AA က ကယ်ထုတ်လာတဲ့ လူ​တွေဟာ လုံခြုံတဲ့ ​နေရာမှာ ရှိပြီး မိသားစုများ ပြန်လည် ​ပေါင်းစည်း​ရေးကို ​ဆောင်ရွက်လျက်ရှိပါတယ်။ လတ်တ​လော ထိုလူများအတွက် စား​ရေး​သောက်​ရေးကိစ္စ အ​ရေး​​ပေါ် အကူအညီများ လိုအပ်လျက်ရှိပါတယ် ” ဟု ဆိုထားသည်။

AA ၏ ရုပ်သံထုတ်ပြန်ချက်ပါ လူဦးရေ အရေအတွက်အား ရေတွက်ရာ ၁၆၀ ကျော်ပါရှိသည်ကို AB News ကတွေ့ရသည်။

လက်ရှိတွင် စားနပ်ရိက္ခါများ၊ ဆေးဝါးများ၊ ခြင်ထောင်များ၊ စောင်များ နှင့် တစ်ခြား လူသုံးကုန်ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

AA မှကယ်ထုတ်လာသည့် ပြည်သူများအားလှူဒါန်းလိုပါက ရက္ခိုင်ပြည် အရေးပေါ်ကူညီကယ်ဆယ်ရီး ပူးပေါင်းအဖွဲ့ Arakan Responders for Emergency (ARE) သို့

အောက်ဖော်ပြပါဆက်သွယ်ရေး ကွန်ယက်များမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Page Messenger

arkresponders.emergency@gmail.com

Phone Number-09667953203

ဓာတ်ပုံ-ပေါက်တောမြို့ထဲမှ ကယ်ထုတ်လာသည့် ပြည်သူများအား လုံခြုံသည့်နေရာတွင် တွေ့ရစဥ်/ARE

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ