Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ ၂ ဖက်တိုက်ပွဲပြင်းထန်နေ

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ ၂ ဖက်တိုက်ပွဲပြင်းထန်နေ

AB News- ဟိန်းထွန်း

အောက်တိုဘာ ၃၀ ရက်

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ ၂ ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ညီနောင်မဟာ ၃ ဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်တွင် ရက္ခိုင့်တပ်တော် (Arakan Army) အနေဖြင့် ကိုးကန့်၊ တအာင်း ညီနောင်မဟာမိတ်များနှင့် အတူသာမက ကချင်အပါအဝင် အခြားသောမဟာမိတ်များရှိရာ နေရာဒေသများ၊ စစ်ဆင်ရေး၏ အရေးကြီးသောနေရာများနှင့် စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်စေသောနေရာများတွင် စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်။

ထို့အ​ပြင် စစ်ဆင်ရေး ပထမနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ နံနက် (၈) နာရီ (၂၂) မိနစ်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိလည်း ရင်ဆိုင်တိုက်ပွဲများ၊ ကြိုကြားကြိုကြားတိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်အတည်ပြုထားသည်။

ယခုရက်များအတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအများဆုံးသော နေရာများထဲမှတစ်ခုလည်းဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကဆိုသည်။

စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများခဲ့သလို မိမိတို့ဖက်မှလည်း အထိအခိုက်၊ အကျအဆုံးအချို့ရှိခဲ့ပြီး အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲအရှိန်ဆက်လက်မြင့်တက်လျက်ရှိနေသည်ဟု ထုတ်ပြန်ချက်၌ အခိုင်အမာဖော်ပြထားသည်။

ထိုဒေသသည် ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှတစ်ခုဖြစ်သော ကချင်ပြည်၊ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီး တိုက်ပွဲများ၌လည်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်များသည် မဟာမိတ်များနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးများကို ဆက်တိုက်ဆင်နွှဲလျက် ရှိကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ