Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်မှ မြန်မာ့နွေဦးတော်လှန်ရေးတွင်ပါဝင်နေသည့် ဆေးလောကသားများအား တော်လှန်ရေးနှင့်ဆေးလောကသားများ အတွေ့အကြုံများကို မျှဝေမည်

ABN-ရာဟု

ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မြန်မာ နွေဦးတော်လှန်ရေးတွင်ပါဝင်နေကြသည့် ဆေးလောကသားများအား တော်လှန်ရေးနှင့်ဆေးလောကသားများ အတွေ့အကြုံများ မျှဝေမည့် အစီအစဥ်အား ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သွားမည်ဟုသိရှိရသည်။

“မြန်မာ့နွေဦးတော်လှန်ရေးမှာ ဆေးလောကသားတွေဟာ ရှေ့တန်းကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ထောက်ပို့ရေးနှင့် CDM လှုပ်ရှားမှုစသော အခန်းကဏ္ဍအသီးသီးမှာ ပါဝင်လှုပ်ရှားနေပါတယ်။ အရှိန်တိုးမြှင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလမှာ ဆေးလောကသားတွေရဲ့ ပါဝင်မှုက ပိုပြီးတော့ အရေးကြီးလာနေပြီ ဖြစ်ပါတယ်” ဟု Anti-Junta Force Coordination Committee –Mandalay တွင်ရေးသားဖော်ပြထားသည်။

တော်လှန်ရေးတွင် ဆေးလောကသားများ၏ အခန်းကဏ္ဍများ အရေးပါလာသည့်အတွက် ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ ၁၄နှစ်ကျော်ကြာ တော်လှန်ရေးဖြတ်သန်းမှု၊ သမိုင်းအတွေ့အကြုံ၊ တော်လှန်ရေးနှင့်ဆေးလောကသားမျာအရေးပါပုံအကြောင်းကို ဒေါက်တာကိုယ်တိုင်မျှဝေပြောကြား ဆွေးနွေးမည့် ဆွေးနွေးပွဲကို Medical Family Mandalay(MFM နှင့် Yangon Medical Network(YMN)တို့က ပူးပေါင်းဦးဆောင်ကာ စီစဥ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲကို ဆေးလောကသားများသာမက စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်း Anti-Junta Force Coordination Committee –Mandalay ကသတင်းထုတ်ပြန် ဖိတ်ခေါ်ထားသည်။

AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်(သပုန်ဖြူ)သည် ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် ဆေးပညာသင်ယူခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်အတူ ရက္ခိုင့်တပ်တော်ကို ဦးဆောင်ကာ ရက္ခိုင်အမျိုးသားများ ရသင့်ရထိုက်သောအခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့်နှင့် ဂုဏ်သိက္ခာရှိသော ရက္ခိုင့်လူဘောင်တစ်ခုကို ထူထောင်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး၊ ရက္ခိုင့်တပ်တော်၏ ဒုတိယ စစ်ဦးစီးချုပ်တာဝန်များကို ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

ဒု-စစ်ဦးစီးချုပ်ဒေါက်တာနှင့် ၎င်း၏အဖွဲ့အစည်း ULA/AA သည် မြန်မာပြည်သူ လူထုတစ်ရပ်လုံးကိုအပြည့်အဝနားလည်ပေးပြီး၊ မဟာမိတ်အဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်များနှင့်အညီ နွေဦးတော်လှန်ရေးလုပ်ငန်းများတွင် ဆေးဖက်ဆိုင်ရာမိသားစုစိတ်ဓာတ်ဖြင့်ပါဝင်ကူညီ ပေးလျှက်ရှိနေသည်ဟု ဆေးမိသားစုမန္တလေးက ပြောကြားထားသည်။

ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်မှ မြန်မာ့နွေဦးတော်လှန်ရေးတွင်ပါဝင်နေသည့် ဆေးလောကသားများအား တော်လှန်ရေးနှင့်ဆေးလောကသားများ အတွေ့အကြုံများကို မျှဝေမည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ