Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော် စိုးမိုးထားသည့် မောင်တောနယ်ဘက်တွင် နွေစပါးစမ်းသပ်စိုက်ပျိုးမှုအောင်မြင်

AB News-ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄

ရက္ခိုင့်တပ်တော်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထိမ်းချုပ် စိုးမိုးထားသည့် ရက္ခိုင်ပြည် မြောက်ပိုင်း မောင်တောနယ်ဘက်တွင် နွေစပါး စမ်းသပ်စိုက်ပျိုးမှု အောင်မြင်မှုရှိနေကြောင်း ဒေသခံ တောင်သူများ ပြောပြချက်အရ သိရသည်။

နွေစပါးစိုက်ပျိုးနိုင်ရန် ရက္ခိုင့်တပ်တော်က ရေ၊ မျိုးစပါးနှင့် စိုက်ပျိုးရေးနည်းပညာများကို ကူညီပေးထားကြောင်း တောင်သူ တစ်ဦးက ပြောသည်။

“ဒီနေရာတွေမှာ ရေချိုလည်းရတယ်။ ဒါပေမယ့် အရင်က နွေစပါးမစိုက်ရဘူး။ အခုက AA ကစိုက်ပျိုးဖို့ နည်းပညာပေးတယ်။ ရေရအောင်လုပ်ပေးပါတယ်” ဟုပြောသည်။

စမ်းသပ်စိုက်ပျိုးမှုအနေဖြင့် လယ်ဧက ၄၀ ကျော်ထိ စတင်စိုက်ပျိုးထားပြီး၊ စပါးပင်များ စတင်ပေါက်နေပြီဖြစ်ကြောင်း ပြောသည်။

ထို့အပြင် နွေးစပါးစိုက်ပျိုးရန် လယ်သမားများလိုအပ်သည့် နွေစပါးစိုက်ပျိုးနည်းပညာနှင့်  မြေဆီများကို အာရက္ခပြည်သူ့အစိုးရက စီမံထောက်ပံ့ပေးထားကြောင်းလည်း လယ်သမားများထံကသိရသည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်တွင် ရေချို ရေလောင်တမံများ တည်ဆောက်ထားသော်လည်း ပြည်သူများ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမှု မရှိသလောက်နည်းပါးခဲ့သည်ကိုတွေ့ရသည်။

မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲအချို့ ရှိနေဆဲ ဖြစ်ပြီး AA သိမ်းထားပြီးဖြစ်သည့် နေရာများတွင် စစ်ဘေးရှောင်များကို ပြန်လည် နေရာချထားပေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် ခိုင်လုံသတင်းရင်းမြစ်က ပြောသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ