Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိပြီးသည့် စကစ ဗျူဟာကုန်းများအား ကာကွယ် စောင့်ရှောက်ရန် အာရက္ခစစ်သည်တော်များ လိုအပ်နေကြောင်း AA ဖိတ်ခေါ်

ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိပြီးသည့် စကစ ဗျူဟာကုန်းများအား ကာကွယ် စောင့်ရှောက်ရန် အာရက္ခစစ်သည်တော်များ လိုအပ်နေကြောင်း AA ဖိတ်ခေါ်

AB News – ဒီဇင်ဘာ ၆၊ ၂၀၂၃

ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့ စခန်းကုန်းများအား ကာကွယ်စောင့်ရှောက်ရန် တိုင်းပြည်အပေါ် ချစ်မြတ်နိုးသည့် အာရက္ခစစ်သည်တော်များလိုအပ်လျက်ရှိနေသည်ဟု ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်တွင် AA မှဖိတ်ခေါ်ထားကြောင်း တွေ့ရသည်။

ထုတ်ပြန်ချက်၌ရေးသားထားသည်မှာ “ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် ” Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေသည့်အတွက် အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်လိုက်သည်” ဟုထုတ်ပြန်ပါရှိသည်။

ထို့အ​ပြင် ရက္ခိုင့်တပ်တော်အနေဖြင့် အာရက္ခပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးခဲ့သော စစ်ကောင်စီ၏ တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မများကို နေ့ရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်များဖြင့် စနစ်တကျ သေချာစွာ မှတ်တမ်းတင်ထားပြီး ၎င်းတို့အား အမြန်ဆုံး လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA ကဆိုထားသည်။

အထိနာ​နေသော အကြမ်းဖက် စကစ အဖွဲ့တို့သည် ရက္ခိုင်ပြည်တွင်းရှိ မြို့ရွာများသို့ ဗုံးကြဲချပြီး အစုလိုက် အပြုံလိုက် ရည်ရွယ်ချက်ရှိရှိသတ်နေခြင်း၊ စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်နေခြင်း၊ ရပ်ရွာများသို့ဝင်ရောက်ပြီး မီးရှိူ့ခြင်း နှင့် ​အပြစ်မဲ့ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချနေခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ