Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်ဗိုလ်လောင်း ၈ ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်း ၈ နှစ်မြောက်ခဲ့ပြီ

ယနေ့ နိုဝင်ဘာ ၁၉ ရက် ၂၀၂၂ ခုနှစ်သည် ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်း ၈ ဦးအပါအဝင် ကချင်၊ တအာင်း၊ ချင်းနှင့် ABSDF တို့မှ ဗိုလ်လောင်း ၂၃ ဦးတို့ မြန်မာတပ်မတော်မှာ လက်နက်ကြီးဖြင့် လုပ်ကြံပစ်သတ်ခဲ့သော‌ကြောင့် ကျဆုံးခဲ့သည်မှာ ၈ နှစ်မြောက်သော နေ့ဖြစ်သည်။

မြန်မာစစ်တပ်သည် ခေတ်အဆက်ဆက် တိုင်းရင်းသား လက်နက်ကိုင် တပ်မတော်များအပေါ် မည်သည့်အခါမှမရိုးသားခဲ့သလို ရန်လိုသော မပြုအမူများကို လုပ်ကြံရန် အမြဲအားထုတ်နေသော အဖွဲ့တစ်ခုဖြစ်သည်။

ထင်ရှားသည့်ဖြစ်စဥ်များထဲမှ တစ်ခုမှာ ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၅ မိနစ်ခန့်က မြန်မာ-ထိုင်းနယ်စပ်အနီး KNLA တပ်မဟာ ၅ ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုအား မြန်မာစစ်တပ်သည် ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် လုပ်ကြံ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်မှာ မြန်မာစစ်တပ်၏ သန္ဓေမမှန် ယုတ်မာ ကောက်ကျက်သည့် လုပ်ရပ်ဖြစ်သည်။

နောက်ထပ် မြန်မာစစ်တပ်၏ ယုတ်မာသည့် နောက်ထပ် ဖြစ်စဥ်တစ်ခုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ဖားကန့် ‌ဒေသ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၉ တွင် ပြုလုပ်သည့် KIA/KIO ၏ ၆၂ နှစ်‌မြောက် မွေးနေ့ အကြိုပွဲအခမ်းအနားကို မြန်မာစစ်တပ်သည် လေယာဥ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် နာမည်ကြီး အနုပညာရှင်များအပါအဝင် အရပ်သားပြည်သူများ များစွာ သေကြေခဲ့ရသည်။

မြန်မာတပ်မတော် (စစ်ကောင်စီတပ်)သည် လတ်တလော ရခိုင်ပြည်တွင်း ဖြစ်နေသည့် တိုက်ပွဲများတွင်လည်း စစ်ဖက်နှင့် လုံးဝ မသက်ဆိုင်သည့် အရပ်သား ကျေးရွာများကို ကြည်း ရေ လေ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလအတွင်းတွင်ပင် အပြစ်မဲ့အရပ်သား ၃၃ ယောက်ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိနေသည်။

လွန်ခဲ့သည့် (၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့) ၈ နှစ်က မြန်မာစစ်တပ်၏ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်အထဲတွင် ရက္ခိုင့်တပ်တော်မှာ ဗိုလ်လောင်း ၈ ဦး၊ တအာင်းတပ်မတော်မှ ၁၁ ဦး၊ ABSDF မှ ၂ ဦး၊ ချင်းအမျိုးသားတပ်ဦး CNF မှ ၂ ဦး စုစုပေါင်း ၂၃ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသည့် ဗိုလ်လောင်းများစွာ ရှိခဲ့သည်။

ဗိုလ်လောင်းများ ကျဆုံးခြင်း အောက်မေ့ ဝမ်းနည်းဖွယ် အခမ်းအနားများကို ကမ္ဘာတဝှမ်းလုံးရှိ ရခိုင်လူမျိုးများနှင့် အခြားသော တိုင်းရင်းသားများသည် နိုဝင်ဘာ ၁၉ ရက်နေ့ရောက်တိုင်း ပြုလုပ်လေ့ရှိကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ