Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၉ ဦး ကျောက်တော်တွင် ယနေ့ရုံးထုတ်၊ စကစတရားလိုထပ်မံပျက်ကွက်

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၉ ဦး ကျောက်တော်တွင် ယနေ့ရုံးထုတ်၊ စကစတရားလိုထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် စစ်ကောင်စီဖက်မှ တရားလိုလုပ်ကာ တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေး‌ရှောင်စခန်းမှ စစ်ဘေး‌ရှောင်တစ်ဦး အပါဝင် ဒေသခံ ၉ဦးကို ယနေ့ နံနက် ၁၀ နာရီကျော်ခန့်က ၁၄ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်သောကြောင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ထို ၉ဦးမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အစောပိုင်းမှစ၍ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခံနေရသူများဖြစ်သည်။

ယနေ့ ၁၄ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ကောင်စီဖက်မှ တရားလိုမရောက်ကြောင်း စစ်ဘေးရှောင် ဦးကျော်ဟိန်း၏ ဇနီးကပြောသည်။

“တရားလိုမရောက်ပါဘူး၊ ကျွန်မလိုချင်တာက သူအပြစ်ရှိရင် အပြစ်ပေးလိုက်၊ မရှိရင်ပြန်လွှတ်ပေးလိုက်၊ ဒါပဲလိုချင်တာပါ၊ အခုက ဘယ်လိုလဲမသိဘူး၊ ရုံးထုတ်တာလည်း ၁၄ကြိမ်ရှိပြီး၊ ခုချိန်ထိဘာမှထူးခြားတာမရှိသေးဘူး” ဟုသူမကပြောသည်။

စစ်ဘေးရှောင် ၁ ဦးအပါအဝင် ယနေ့ ရုံးထုတ်ခဲ့သူများမှာ မင်းပြားမြို့နယ်မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ဦးမောင်စောသာ၊ ဝပြန်ရွာကကိုမောင်သန်းဌေးနှင့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနှင့် မြောက်ဦး မြို့၊ မဟိန်ဂျီ ရပ်ကွက်က ကိုကျော်မောင်လင်း တို့ဖြစ်ကြသည်။

ဦးကျော်ဟိန်းသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ အပြစ်မဲ့ ုပြည်သူ ၂၀၀ကျော်ကိုဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) ဖြင့်တရားစွဲခံထားရသူများဖြစ်ကြသည်။

လက်ရှိရခိုင်တွင် AAနှင့်ဆက်စပ်ဟုမတရားဖမ်းဆီးခံထားရပြီး၊ စစ်ကောင်စီဖက်မှ တရားလိုလုပ်ကာ တရားစွဲဆိုခံထားရသော ဒေသခံများ၏ ရုံးထုတ်ချိန်တွင် တကြိမ်မျှတတ်ရောက်ခြင်းမရှိကြသည်ကို သိရသည်။

” ဥပဒေကို ကျွန်မနားမလည်ပေမယ့်၊ အခုလိုလုပ်ရပ်မျိုးတော့ ဥပဒေမှာရှိမယ်မထင်ပါဘူး၊ အခုအချိန်က ဥပဒေဟာ သူတို့လက်ထဲမှာ သူတို့လုပ်ချင်သလိုလုပ်နေကြတယ်၊ ကျွန်မတို့က ဘာမှမသိတဲ့ပြည်သူတွေ၊ ဒါကိုသူတို့က ကာကွယ်စောင့်ရှောက်ပေးရမှာမဟုတ်ဘူးလား၊ အခုသူတို့လုပ်နေတာက မကာကွယ်တဲ့အပြင် နှိပ်စက်နေကြတာနဲ့တူနေတယ်” ဟု ကျောက်ဖြူမှဒေသခံတစ်ဦးမှ ဝေဖန်ပြောဆိုသည်။

ကျောက်ဖြူ၊ မြောက်ဦး ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တို့တွင် အပတ်စဥ်တိုင်း ပုံမှန် ရုံးထုတ်ရှိသော်လည်း စစ်ကောင်စီဖက်တရားလိုမရောက်ဖြစ်နေသည်ကိုတွေ့ရသည်။

ဓာတ်ပုံ-ကျောက်တော်မြို့နယ်တရားရုံး/APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ