သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် အာဆာအဖွဲ့တို့တိုက်ပွဲဖြစ်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၉ရက်

ဘူးသီးတောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် အာဆာ(ARSA)အဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံးမှ ထိခိုက်ကျဆုံးမှုရှိသည်ဟုသိရသည်။

ယနေ့နံနက် ၉ နာရီကျော်အချိန်က ဘူးသီးတောင်မြို့နယ်ရှိ မယူတောင်ထဲတွင် AAနှင့် ARSA အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု တိကျခိုင်လုံသည့် သတင်းရင်းမြစ်ထံမှသိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ARSAအကြမ်းဖက်အဖွဲ့မှ အလောင်း ၄လောင်းတွေ့ရှိရပြီး AAဖက်မှ ရဲဘော်တစ်ဦး ကျဆုံးသည်ဟုသိရရှိရသည်။

” တိုက်ပွဲက ဒီနေ့ မနက်ကဖြစ်တာပါ၊ AAနှင့် အကြမ်းဖက် ARSA အဖွဲ့တို့ဖြစ်ကြတာပါ၊ ထိခိုက်ကျဆုံးမှုကတော့ ARSA အဖွဲ့ဝင် ၄ ဦးရဲ့အလောင်းတွေ့ပါတယ်၊ နောက်ပြီး ရက္ခိုင့်တပ်တော်ဖက်က ရဲဘော်တစ်ဦးကျပါတယ်” ဟု၎င်းကပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ့ ၃နာရီကျော်အချိန်ကလည်း ထိုမယူတောင်မှ လက်နက်ငယ်ပစ်ခတ်သံများ ကြားရပြီး ယနေ့ ၁၉ရက်နေ့ နံနက်ပိုင်းကလည်း လက်နက်ငယ်များပစ်ခတ်သံကြားနေရဆဲဟု စိညှင်းပြား ( မူဆလင် )ရွာမှ အုပ်ချုပ်ရေးမှူးကပြောသည်။

“မနေ့က ၃နာရီကျော်လောက်က လက်နက်ငယ်ပစ်သံတွေကြားလိုက်ပါတယ်၊ ဘာဖြစ်တယ်ဆိုတာမသိပါဘူး၊ ဒီနေ့ မနက်စောစောကလည်း ထပ်ကြားပါတယ်၊ ကျွန်တော်ဘာဖြစ်ကြလဲဆိုတာစုံစမ်းနေပါတယ်၊ မယူတောင်ဖက်ကကြားတာ၊ သွားပြီးလည်းမကြည့်ဝံ့ပါဘူး၊ ဘာဖြစ်တာလဲဆိုတာမသိပါဘူး” ဟု၎င်းကဆိုသည်။

ထိုမယူတောင်ထဲတွင် စစ်ကောင်စီတပ်စခန်းတခုလည်း တပ်စွဲနေထိုင်သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ