Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီး တရားစွဲဆိုခံထားရသည့် ကျောက်တော် စစ်ဘေးရှောင်အမှု ၁၁ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုထပ်မံပျက်ကွက်

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီး တရားစွဲဆိုခံထားရသည့် ကျောက်တော် စစ်ဘေးရှောင်အမှု ၁၁ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် မတရားဖမ်းဆီးအချုပ်ခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေး‌ရှောင်စခန်းမှ စစ်ဘေး‌ရှောင်အား ယမန်နေ့ နံနက် ၁၀ နာရီကျော်ခန့်က ၁၁ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလို ထပ်မံပျက်ကွက်၍ စစ်ဆေးမှု မပြုလုပ်ခဲ့ရဘဲ ရုံးချိန်း ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် စစ်ကောင်စီက တရားလိုလုပ် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင်မှာ ဦးကျော်ဟိန်းဖြစ်ပြီး ၎င်းမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဖြစ်သည်။

စစ်ဘေးရှောင် ဦးကျော်ဟိန်းကို ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလို တကြိမ်မှ ရုံးတက်ရောက်ခြင်း မရှိဟု ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူက ပြောသည်။

“ရုံးထုတ်တာ ၁၁ကြိမ်ရှိပါပြီ၊ သူတို့ဖက်က တရားလို ၁ကြိမ်မှ မရောက်ပါဘူး၊ ကျမလည်း ကျမယောက်ျားမရှိရင် ဘယ်လိုမှ အဆင်မပြေဘူး၊ ဒီတိုင်း တမင်တကာထားထားကြတာနဲ့တူတယ်၊ တရားလိုမအားရင်မထုတ်နဲ့ပေါ့၊ အခုက ၁ကြိမ်မှ မရောက်ဘူးဆိုရင် သူတို့ဖက်က ဘယ်လိုတွေလုပ်နေတာလဲမသိတော့ဘူး” ဟု ဦးကျော်ဟိန်း၏ဇနီးကပြောသည်။

လက်ရှိတွင် ဦးကျော်ဟိန်း၏ဇနီးမှာ သားသမီး ၄ဦးနှင့် အတူ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြပြီး၊ သူ့ယောက်ကျားမရှိသဖြင့် ရွာပြန်ရန်လည်း အခက်အခဲဖြစ်နေကြောင်း ပြောသည်။

“ကျမတို့ရွာကိုပြန်လို့ရပါပြီ၊ ရွာကလူတွေလည်း ပြန်သွားကြပါပြီ၊ ဒါပေမယ့် ကျမမှာ ပြန်လို့မရသေးပါဘူး၊ ရွာမှာက အိမ်ကိုလက်နက်ကြီးတွေကျထားပါတယ်၊ အိမ်ကိုပြန်ပြီးလုပ်ရပါမယ်၊ ဒါပေမယ့် သူ မရှိရင်ဘယ်သူကလုပ်မှာလဲ၊ ကျမတို့ရွာကိုပြန်လိုက်လို့ တိုက်ပွဲတွေဖြစ်လာရင်ရော ဘယ်လိုလုပ်မှာလဲ၊ သားသမီး ၄ယောက်နှင့် ကျမမှာ အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေရပါတယ်၊ အပြစ်မရှိရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်” ဟု သူမကပြောသည်။

ဦးကျော်ဟိန်းသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ အပစ်မဲ့ပြည်သူ ၂၀၀ကျော်ကိုဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) တို့ဖြင့် စစ်ကောင်စီမှ တရားလိုလုပ်ကာတရားစွဲဆိုခံနေရသူများထဲမှ တစ်ဦးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ