Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုဆိုကာ အရပ်သား ၆ဦးအား လုံခြုံရေးအပြည့်ဖြင့် ကျောက်တော်မြို့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

ရခိုင်ပြည်တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသော အရပ်သား၆ဦးအား စစ်ကောင်စီဖက်မှ လုံခြုံရေးအပြည့်ချထားကာ ကျောက်တော်မြို့မ ရဲစခန်းမှ ကျောက်တော်မြို့ တရားရုံးသို့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးကြောင်းသိရသည်။

၎င်းတို့ကို စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇ (၁)ဖြင့် တရားစွဲဆိုထားပြီး ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်တော်မြို့ ရဲစခန်းမှ ကျောက်မြို့ တရားရုံးသို့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးကြောင်း အမည်မဖော်လိုသူတစ်ဦးမှ ABNကိုပြောသည်။

ဟုတ်ပါတယ် သူတို့ကို ရုံးထုတ်တာ ဒါပထမဆုံးကြိမ်ဖြစ်ပါတယ် ဒါကြောင့်မို့ထင်ပါတယ် ဒီနေ့ စစ်ကောင်စီတပ်သားတွေ ကျောက်တွေမြို့ကစ္ဆပနဒီတံတားအနီးမှာ လုံခြုံရေးတွေ အပြည့်ယူထားတာ တွေ့ပါတယ်ဟု ဟုပြောသည်။

အဆိုပါသူတို့မှာ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ကျေးရွာမှ အဖဦးစောဦး၏သား မောင်သန်းဌေး၊အဖဦးကျော်ဝင်း၏ သား မောင်ထွန်းလိူင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ကျေးရွာမှ အဖဦးမောင်တိန်ချေ၏သား ဦးသန်းစိုးနှင့်၊ ရွှေနတ်ပြင်ကျေးရွာမှ အဖဦးစံလှထွန်း၏သား ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ အဖဦးမောင်ထွီးယောင်၏သား မောင်မျိုးကို၊ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွယ်မှ အဖဦးးစံမောင်၏သား ကျော်မောင်လင်းတို့ဖြစ်ကြသည်။

၎င်း ၆ ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ရက်နေ့က ကျောက်တော်အခြေစိုက်တပ်မ စကခ(၉)နှင့် စစ်ကောင်စီတပ်မ ၅၃၉ တို့မှ ကျောက်တော်မြို့မရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး သူတို့ကို စစ်ကောင်စီက ရိုက်နှက်မှုဒဏ်များကြောင့် ၆ယောက်ထဲမှ ၃ဦး၏ နောက်ကျောတွင် လောက်ကျကာ ဒဏ်ရာပြင်းထန်းသည့်အတွက် ကျောက်တော်မြို့မ ဆေးရုံးတွင် ဆေးကုသမူခံယူခဲ့ရကြောင်း ABNမှ စုံစမ်းသိရှိရသည်။

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုဆိုကာ အရပ်သား ၆ဦးအား လုံခြုံရေးအပြည့်ဖြင့် ကျောက်တော်မြို့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ