Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်က အမ်း-ပဒါန်းကားလမ်းပိတ်လိုက်ပြီဟု ထုတ်ပြန်ပြီးနောက် အမ်း စစ်ကောင်စီတိုင်းဌာနချုပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်

ရက္ခိုင့်တပ်တော်က အမ်း-ပဒါန်းကားလမ်းပိတ်လိုက်ပြီဟု ထုတ်ပြန်ပြီးနောက် အမ်း စစ်ကောင်စီတိုင်းဌာနချုပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်

AB News – ဧပြီ ၂ ၊ ၂၀၂၄

ရက္ခိုင့်တပ်တော်က အမ်း-ပဒါန်းကားလမ်း ပိတ်လိုက်ပြီဟု ထုတ်ပြန်ချက်ထုတ်ပြီးနောက် အမ်းမြို့အခြေစိုက် စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ယနေ့ ဧပြီလ ၂ ရက်နေ့ ၊ နေ့လည် ၁၂ နာရီခန့်တွင် လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ကြောင်း သိရသည်။

နပခဖက်မှ လက်နက်ကြီး အဆက်မပြတ် ၁ နာရီကျော်ကြာ ပစ်ခတ်သံကြားရကြောင်း အမ်းမြို့ ဒေသခံ ၁ ဦးက AB News သို့အတည်ပြုပြောသည်။

“နေ့လည် ၁၂ နာရီလောက်ကစပြီး တိုင်းဖက်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်သံကြားရတယ်။ ဘယ်ဖက်ကို ပစ်တာလဲတော့ သေချာမသိပါဘူး” ဟုဆိုသည်။

အမ်းမြို့နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိသည့်အပြင် ဤကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီဖြစ်သောကြောင့် အမ်း-ပဒါန်း ကားလမ်းအား ရက္ခိုင့်တပ်တော်မှ အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အ‌‌ရေးပေါ်ထုတ်ပြန်ကြေညာ အပ်ပါသည် ဟု ရက္ခိုင့်တပ်တော် နိုဗာ ၁ စစ်ဒေသမှ ယနေ့ မနက်က အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် အမ်းနှင့်မကွေးကြားတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှစပြီး ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်နေကြောင်း AA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် အနီးအနားရှိရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာသိုတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ ၁၁ နာရီကျော်တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ခဲ့ရာ ရိုးမတောင်ပေါ်ရှိ ပိန်းရေစမ်း ဘုန်းတော်ကြီးကျောင်းအနီးတွင် လက်နက်ကြီးကျည် တစ်လုံးကျရောက် ပေါက်ကွဲခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ အမ်းမြို့နယ် လုံးကျေးရွာ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသော်လည်း AB News က သီးခြားအတည်မပြုနိုင်သေးပေ။
ဓာတ်ပုံ-BNA

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ