Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်ကိုမွေးဖွားပေးခဲ့သည့် ကချင်လူမျိုးများနှင့် KIA/KIO ခေါင်းဆောင်များကို ကျေးဇူးအထူးတင်ကြောင်း Dr ညိုပြောကြား

ရက္ခိုင့်တပ်တော်ကိုမွေးဖွားပေးခဲ့သည့် ကချင်လူမျိုးများနှင့် KIA/KIO ခေါင်းဆောင်များကို ကျေးဇူးအထူးတင်ကြောင်း Dr ညိုပြောကြား

ABN – ကိုဟိန်းထွန်း

ယမန်နေ့ည ၇ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည့် လွတ်မြောက်နယ်မြေဟောပြောပွဲတွင် ရက္ခိုင့်တပ်တော်ကို မွေးဖွားပေးခဲ့သည့် ကချင်လူမျိုးများနှင့် KIA/O ခေါင်ဆောင်များကို အထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ရခိုင်လူမျိုးများလွတ်မြောက်ဖို့အတွက် ၂၀၀၉ ခုနှစ်တွင် ကရင်နယ်စပ်ကို မသွားခဲ့ဘဲ ကချင်နယ်မြေ လိုင်ဇာသို့ သွားရောက်ကာ ရက္ခိုင့်တပ်တော်ကို မွေးဖွားပေးခဲ့သည့် ကချင်ဒေသတွင်ရှိသည့် ကချင်လူမျိုးများ အပါအဝင်၊ KIA/KIO ကိုဦးဆောင်နေသူများအား ရခိုင်လူမျိုးများနှင့် ရက္ခိုင့်တပ်တော်၏ကိုယ်စား အထူးကျေးဇူးတင်ကြောင်း ရက္ခိုင့်တပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

” ကျနော်တို့ AA ကတော့ ကရင်ဖက်ကိုမသွားပဲနဲ့ လိုင်ဇာဖက်ကိုသွားခဲ့ပါတယ်၊ ကချင်ပြည်ကိုပေါ့နော်၊ ၂၀၀၉ ခုနှစ်မှာ ကျနော်တို့စပြီးမှပဲ ကချင်လွတ်မြောက်ရာ ကချင်ဒေသမှာ လွတ်မြောက်ဖို့အတွက် ကျနော်တို့ ရက္ခိုင့်တပ်တော်ကို ကချင်ပြည်မှာ မွေးဖွားခဲ့ပါတယ်၊ ဒီနေရာမှာအလေးပေးလို့ ပြောရမယ်ဆိုရင် ကျနော်တို့ ရက္ခိုင့်တပ်တော်ကို မွေးဖွားပေးလိုက်တဲ့ ဒီကချင်ပြည်နဲ့ ကချင်ဒေသမှာရှိတဲ့ကချင်လူမျိုးတွေအပါအဝင် KIA ၊ KIO ကိုဦးဆောင်နေကြတဲ့ ခေါင်းဆောင်ကြီးတွေအားလုံးကို ကျနော့်အနေနဲ့ ရခိုင်လူမျိုးတွေကိုယ်စား၊ ကျနော်တို့ရဲ့အဖွဲ့အစည်းကိုယ်စား ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” ဟု ပြောခဲ့သည်။

ရက္ခိုင့်တပ်တော် AA ကို ၂၀ဝ၉ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့တွင် ရခိုင်မျိုးချစ်လူငယ် ၂၆ ဦးဖြင့် ကချင်ပြည်လိုင်ဇာမြို့၊ KIO ထိန်းချုပ်နယ်မြေတွင် စစ်သင်တန်းတက်ရောက်ခဲ့ကာ စတင်ခဲ့ကြသည်။

ရက္ခိုင့်တပ်တော်သည် လက်ရှိအချိန်တွင် တိုက်ခိုက်ရေးစစ်သည်အင်အား ၃၀၀၀၀ ကျော်ခန့်ရှိပြီး ရခိုင်ပြည်တွင် အဓိက တပ်ဖြန့်စစ်ရေးလှုပ်ရှားလျက်ရှိကာ မြောက်ပိုင်းမဟာမိတ်ဒေသများတွင်လည်း တပ်ဖြန့် လှုပ်ရှားလျက်ရှိနေသည်။

ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်တွင် နယ်မြေစိုးမိုးပိုင်ဆိုင်မှုများရှိနေပြီး တရားစီးရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ လုပ်လာနိုင်သည်ကို တွေရှိရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် PDF အဖွဲ့များစွာကိုလည်း သင်တန်းပေး မွေးထုတ်ပေးခဲ့သည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ