Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယိုးတရုတ်ရွာရှိစစ်ဘေးရှောင်များအတွက်စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ပုဏ္ဏားကျွန်းမြို့နယ်ယိုးတရုတ်ရွာသို့စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့်လာရောက်ခိုလှုံနေကြသည့်စစ်ဘေးရှောင် ၃၀၀နီးပါးအတွက် ခြင်ထောင်၊အနွေးထည်၊အခင်းနှင့်စားနပ်ရိက္ခာများအရေးတစ်ကြီးလိုအပ်နေကြောင်းသိရသည်။

သူတို့သည်စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်ခတ်နေမှုကြောင့် ကျောက်တော်မြို့နယ်နှင့်ပုဏ္ဏားကျွန်းမြို့နယ်ကြားတွင်ရှိသည့် မော်ရွာ၊ ရွက်မညှိုးတောင်၊ ကွမ်းအုံချောင်း၊ ဒေးဝန်းစသည့်ရွာများမှစက်တင်ဘာလကုန်ပိုင်းလောက်ကတည်းကထွက်ပြေးလာကြပြီး၊ယိုးတရုတ်ဘုန်းတော်ကြီးကျောင်းတွင်လာရောက်ခိုလှုံနေကြသူများဖြစ်သည်။

ယိုးတရုပ်ဘုန်းတော်ကြီးကျောင်းတွင်လာရောက်ခိုလှုံနေကြသည့်စစ်ဘေးရှောင်အရေအတွက်မှာအိမ်ထောင်စု၆၈စု၊လူဦးရေ ၂၈၆ဦးရှိကြောင်းသိရသည်

“ဘုန်းကြီးကျောင်းမှာ ဟောခန်းပုံစံမျိုးနေကြရတော့အဆင်မပြေဘူး၊အမျိုးသမီးနဲ့ကလေးတွေလေးရှိတော့ပိုအခက်ခဲ့ဖြစ်တာပေါ့၊အိမ်သာတွေလည်းမလုံလောက်ဘူး၊စားနပ်ရိက္ခာလာကူညီပေးတဲ့အဖွဲ့တွေလည်းမရှိဘူး၊ဒါကြောင့်လက်ရှိမှာအဲဒီစစ်ရှောင်ပြည်သူတွေတွက်ဆန်နဲ့စားနပ်ရိက္ခာအရေးတစ်ကြီးလိုအပ်နေတဲ့တွက်ျကြာင်းအလှူရှင်တွေအနေနဲ့လာရောက်ကူညီပေးကြစေလိုပါတယ်” ဟုကူညီနေသူကပြောသည်။

ယိုးတရုတ်ဘုန်းတော်ကြီးကျောင်းတွင်လာရောက်ခိုလှုံနေကြသောစစ်ဘေးရှောင်များမှာစားနပ်ရိက္ခာအပါအဝင် နေရေးထိုင်ရေးပါအခက်အခဲရှိကြောင်းသိရသည်။

“တချို့ကဘုန်းကြီးကျောင်းမှာကပ်ခိုပြီးစားကြတယ်၊တချို့ကျတော့ကိုယ့်မှာပါလာတဲ့ပစ္စည်းတွေကိုထုခွဲရောင်းပြီးစားနေကြတယ်၊ နေ့လုပ်နေ့စားသူတွေလေးရှိတယ်၊ လုံးဝမတတ်နိုင်တဲ့သူတွေကျတော့အဆင်မပြေဘူး၊ အများစုကတော့အဆင်မပြေသူတွေပါ၊ ဒီအတိုင်းတမံတလင်းမှာအဆင်ပြေသလို တာလာပတ်ခင်းပြီးနေကြရတယ်၊ ကလေးတွေနဲ့ကိုဝန်ဆောင်တွေလည်းရှိတော့ကျမ်းမာရေးကိုပါစိုးရိမ်ရတယ်” ဟုစစ်ရှောင်တွေကိုကူညီပေးနေတဲ့ယိုးတရုတ်ဒေသခံတစ်ဦး ABNသို့ပြောသည်။

ထို့အပြင်ရခိုင်ပြည်တွင်စစ်ကောင်စီတပ်များ၏လက်နက်ကြီးပစ်ခတ်မှုများအပါအဝင်တိုက်ပွဲတွေနဲ့ဆက်စပ်ပြီးထွက်ပြေးနေကြရသည့်ထပ်ထိုးစစ်ရှောင်တစ်သောင်းဝန်းကျင်အထိရှိနေပြီးယခင်ရှိသောစစ်ရှောင်အရေအတွက်အပါအဝင် ရှစ်သောင်းလောက်အထိရှိနေသည်ဟု ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ