Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယမန်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီအဖွဲ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရက္ခိုင်ပြည်တွင်းရှိ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရ

AB News- ဇန်နဝါရီ ၁၃၊ ၂၀၂၄

ယမန်နေ့ ဇန်နဝါရီ ၁၂ရက် တစ်ရက်တည်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးနှင့် Y12 ရဟတ်ယာဥ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီထောင်ထားသောမိုင်းကိုနင်းမိခြင်းတိုကြောင့် ရက္ခိုင်ပြည်တွင်းရှိအရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ သတင်းရရှိသည်။

မင်းပြားမြိုနယ်တွင် သေဆုံးခဲ့သူများမှာ ကြောင်ရှည်ကျေးရွာမှ ဦးထွန်းအေးလှိင် ၃၇ နှစ်၊ ပိုက်သည် မူဆလင်ကျေးရွာမှ ဦးလှမောင်သိန်း ၄၅နှစ်၊ ဒေါ်လှလှမေ (ခေါ်) ဖော်ကုနီ ၃၅နှစ်၊ အာလီဇူဖော့ကာ ၁၃နှစ်တိုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ ပိုက်သည်မူဆလင်ကျေးရွာမှ ရှာဖူ ၆နှစ်တိုဖြစ်သည်။

မြောက်ဦးမြိုနယ်မှ သေဆုံးသွားသူများမှာ  မြောက်ဦးမြို၊ထမ္မရာစ်ရပ်ကွက်မှ ဦးသိန်းထွန်းစိန် ၇၆နှစ် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာ မြောက်ဦးမြို၊ ထမ္မရာဇ် ရပ်ကွက်မှ ဦးကျော်သန်းချေ ၅၅နှစ်၊ ဦးငတူ ၅၂ နှစ်၊ ဒေါ်မရွှေအေး ၄၈နှစ် တိုဖြစ်သည်။

မောင်တောမြိုနယ်တွင် သေဆုံးသူမှာ မောင်တောမြိုနယ် ရေနောက်ငါးသား ကျေးရွာမှ မခင်ခင်အေး ၂၅နှစ်နှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ သက်ကညှာရွာမှ ဒေါ်မသန်းအေး ၃၃နှစ်၊ ဒေါ်ခင်မစိန် ၆၀နှစ် နှင့် မောင်ဇော်မျိုးဦး ၁၁နှစ်တိုဖြစ်သည်။ ၎င်းတိုထဲမှ သေဆုံးခဲ့သူမှာ သက်ကညှာရွာတွင် စစ်ဘေးရှောင်ရန် ရောက်နေခြင်းဖြစ်ပြီး မိမိရပ်ရွာသို စားသောက်ရန် ဆန်ရိက္ခာများသွားယူ၍ အပြန်တွင် လက်နက်ကြီးဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

ရသေ့တောင်မြိုနယ်မှ ထိခိုက်ဒဏ်ရာရရှိသူများမှာ ပြိန်းတောကျေးရွာမှ မအေးအေး ၁၅နှစ်၊ ကိုမျိုးနိုင်လင်း ၂၇နှစ် တိုဖြစ်သည်။ ကိုမျိုးနိုင်လင်းဆိုသူမှာ ပေါက်တောမြိုနယ် ဖဒူကြီးကျေးရွာမှ ရသေ့တောင်မြိုနယ်၊ ပြိန်းတောကျေးရွာတွင် စစ်ဘေးရှောင်နေသူဖြစ်သည်။

မြေပုံမြိုနယ်တွင် သေဆုံးခဲ့သူမှာ သရက်တောင်ရွာ၊ ရွာဟောင်းပိုင်းရပ်ကွက်မှ ဦးတင်ငွေ ၅၂နှစ် မှာ မျက်နှာတွင်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ကမ်းထောင်းကြီးမြိုမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ မအေးအေးလွင် ၂၅နှစ်မှာ ညာဖက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ Y12 လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ
ကျောက်တော်မြိုနယ်မှ သေဆုံးသူများမှာ လက်ပံကျေးရွာမှ ဒေါ်စံဂိုးမ ၆၀နှစ်၊ ထိခိုက်ဒဏ်ရာရသူများမှာ လက်ပံကျေးရွာမှ မောင်ဝင်းခိုင် ၅နှစ်၊ ဦးမောင်သောင်းစိန် ၆၂နှစ်တိုဖြစ်သည်။ ၎င်းမြေးအဖိုး ၃ဦးမှာ သရီချောင်းတွင် ကွမ်းခင်းလုပ်ပြီး တဲတွင်နေသူများဖြစ်သည်။

စစ်ကောင်စီထောင်ထားသော မှိင်းကိုနင်းမိသောကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ
ကျောက်တော်မြိုနယ်မှ မိုင်းနင်းဒဏ်ရာရရှိခဲ့သူမှာ ကျောက်တော်မြိုနယ် အလယ်ကျွန်းအုပ်စု စျေးဝမူဆလင်ကျေးရွာမှ အာမီတူဆောင်း ၂၈နှစ် ဖြစ်သည်။ စစ်ကောင်စီထောင်ထားသောမိုင်းကိုနင်းမိသောကြောင့် ဘယ်ခြေထောက်မှာ လုံးဝပြတ်ထွက်သွားခဲ့ပြီး ညာခြေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ညကလည်း ညလုံးပေါက် စစ်ကောင်စီက အတွဲလိုက်ဒုံးများအပါအဝင် လက်နက်ကြီး လက်နက်ငယ်များဖြင့် မြိုနယ်အများစုတွင် ပစ်ခတ်ခဲ့သည်ကို တွေ့ရပြီး ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ကလည်း လက်နက်ကြီး ပစ်သံများ မြိုနယ်အနှံအပြားတွင်း ကြားနေရကြောင်း ရက္ခိုင်ဒေသခံများ ပြောပြချက်အရ သိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တိုအကြား တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီပစ်လက်နက်ကြီးကျည်ထိ သေဆုံးသူ ၈၀ ကျော်ထိ ရှိလာနေပြီး ဒဏ်ရာရရှိသူ ၃၀၀ ကျော်ထိ ရှိလာနေသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ