Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့ စစ်တွေတွင် ALP အဖွဲ့ ပစ်ခတ်ခံရမှုအတွင်း ဒဏ်ရာရရှိသွားသည့် ၃ ဦးထဲမှ ၂ ဦး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရ

ABN-ရှိုင်းမိုး

ဇူလိုင် ၁ရက်

ယနေ့ စစ်တွေတက္ကသိုလ်အနီးတွင် ALP အဖွဲ့ဝင်များ ပစ်ခတ်ခံရမှုအတွင်း ဒဏ်ရာရရှိသွားသည့် တပ်သား ၃ဦးထဲမှ ၂ ဦးမှာ ဆေးရုံးတွင် ဆေးကုသမှု ခံယူနေစဥ်အတွင်း သေဆုံးသွားကြောင်း သိရသည်။

ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ နေ့လည် ၁၂နာရီ ကျော်ခန့်အချိန်က စစ်တွေ တက္ကသိုလ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ပစ်ခတ်ခံရသည့် နေရာတွင် ၃ဦးသေဆုံးပြီး၊ ၃ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ထို သေဆုံးသူ ၃ဦးနှင့် ဒဏ်ရာရရှိသူ ၃ဦးကို စစ်တွေဆေးရုံသို့ အရေးပေါ်လူနာယာဥ်ဖြင့် တင်ယူသွားခဲ့ရာ ဒဏ်ရာရသူ ၃ဦးထဲမှ ၂ဦးထပ်မံသေဆုံးသွားကြောင်း အမှုနှင့်ရင်းနှီးသူတစ်ဦးက ABN သိူ့ အတည်ပြုပြောသည်။

“ဒဏ်ရာရတဲ့သူတွေထဲက ဆေးရုံးမှာ ၂ယောက်သေသွားပါပြီ။ အခု အဲဒီပစ်ခတ်မှုဖြစ်ခဲ့တဲ့ပတ်ဝန်ကျင်ကို စစ်သားတွေနှင့် ရဲသားပြီးတော့ ALP ကလူတွေစစ်ဆေးဖို့လုပ်နေကြပါတယ်” ဟု၎င်းကဆက်ပြောသည်။

ဒဏ်ရရှိသွားသော ALPအဖွဲ့ဝင် ၃ဦးမှာ ကိုခိုင်ဘိုမင်း၊ ကိုကျော်မင်းစိုးနှင့် ကိုခိုင်ကျော်ရဲအောင်တို့ဖြစ်ကြသည်။

တပ်သား ခိုင်ဘိုမင်းတွင် လက်ဝဲပေါင်တွင် ကျည်ဒဏ်ရာရရှိပြီး၊ တပ်သား ကျော်မင်းစိုးနှင့် ခိုင်ကျော်ရဲအောင်တို့တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ထို ALP အဖွဲ့ဝင် ၆ဦးသည် စောမြရာဇာလင်းပိုင် တိုက်ထဲတွင် တွေ့ဆုံဆွေးနွေးအပြီး ပြန်လာချိန်တွင် စစ်တွေတက္ကသိုလ်နှင့် ရထားလမ်းပေါ်၌ အမည်မသိသော သေနတ်သမားများက ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှု၌ ပွဲချင်းပြီး သေဆုံးသွားသူများမှာ ALP ပါတီမှ ပါတီဒုဥက္ကဌ ခိုင်နီအောင်၊ တပ်ရင်းမှူးအဆင့်ရှိသူ ခိုင်ကျော်မင်း နှင့် ယာဥ်မောင်း ခိုင်ကျော်နိုင်တို့ သေဆုံးခဲ့သည်။

ယနေ့ ညနေ့ ၈နာရီ ၂၀ခန့်က စစ်တွေဗျိုင်းဖြူရွာထဲကို စစ်သား၊ ရဲသားနှင့် ALPတပ်ဖွဲ့ဝင်များဝင်ရောက်ပြီး ဧည့်စာရင်းစစ်ဆေးနေသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ