Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့မနက် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ဘေးရှောင်များ အသက်လု ထွက်ပြေးနေရ

ယနေ့ မနက် ၆ နာကျော်ခန့်မှစပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်နေသောကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ အသက်လု ထွက်ပြေးနေရကြောင်း စစ်ရှောင်တစ်ဦးကပြောသည်။

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၆ နာရီ ၂၀ ခန့်ကစပြီး စစ်တွေ-ပုဏ္ဏားကျွန်းနယ်တွင် စစ်ကောင်စီတပ်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေခဲ့သည်။

“ကျနော်တို့က စစ်ဘေးရှောင်တွေပါ။ ရှောင်နေရတဲ့ ကြားက နောက်ထပ်လည်း ပြေးနေရပြီ။ ဘယ်ကို ပြေးလို့ ပြေးရမှန်းလည်း မသိဘူး။ အကုန်ပြေးနေကြရပါပြီ” ဟု စစ်ရှောင်တစ်ဦးက ပြေးနေရင်း ABN အားဖြေဆိုခဲ့သည်။

ယနေ့နံနက်က စစ်တွေ ပါဒလိတ်ရှိ စစ်ကောင်စီတပ်၊ အမြင့်ကျွန်းရှိ စစ်ကောင်စီတပ်၊ ကွမ်းတောင်ရှိ စစ်ကောင်စီတပ်နှင့် ပုဏ္ဏားကျွန်းမြို့ထဲရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၈၀၀ ကျော်ရှိသည်။

ယနေ့မနက် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ဘေးရှောင်များ အသက်လု ထွက်ပြေးနေရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ