Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့မနက်မှာ ဘင်္ဂလာဖက်သို့ စစ်ကောင်စီနယ်ခြားစောင့် ၁၃၀ ဦးခန့် ထပ်မံထွက်ပြေးဝင်ရောက်

AB News-ဖေဖော်ဝါရီ ၆၊ ၂၀၂၄

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်တွင် တောင်ပြိုလက်ဝဲ ဗျူဟာကုန်းမှ စစ်ရှုံး စစ်ကောင်စီအဖွဲ့ဝင်များနှင့် မိသားစု ၂၂၉ ဦး ဘင်္ဂလားဒေ့ရှ်ဖက်ကမ်းသို့ ထပ်မံထွက်ပြေးဝင်ရောက်လာကြောင်း ဒေသတွင်း ဘင်္ဂလားမီဒီယာများဖော်ပြချက်အရ သိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီနယ်ခြားစောင့် ၁၁၅ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး ဒုက္ခသည်အဖြစ်ခိုလှုံခဲ့ကြောင်း သိရသည်။

၎င်း ၂၂၉ ဦးတို့မှာ ယနေ့မနက် အစောပိုင်းက အူခီးယားခရိုင် ခန့်ခါလီဈေးဖက်မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့် တောင်ပြိုလက်ဝဲဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က ယနေ့ မနက် ၁ နာရီဝန်းကျင်ခန့်ကတည်းက အပြီးပိုင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ