Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့မနက်က ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ပစ်ခတ်မူကြောင့် ငှက်ကြီးကျွန်းကျေးရွာမှ ၁၃ နှစ်အရွယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းရွာမှ ၇ တန်းအရွယ် ၁၃ နှစ်သား ကလေးတစ်ဦးထိခိုက်ဒဏ်ရာ ရသွားကြောင်းသိရသည်။

အဆိုပါ ဒဏ်ရာရသူ ကလေးမှာ ငှက်ကြီးကျွန်းရွာမှ အဖ ဦးကျော်ဝင်းနှင့် အမိ ဒေါ်ရွှေစံနုတို့၏သား အသက်၁၃နှစ် ၇တန်းကျောင်းသား မောင်ခင်မောင်ထွန်းဖြစ်ပြီး ၎င်းတွင် ဒရုန်းဖြင့် ပစ်လိုက်သည့် လက်နက်ကျည်စ ထိမှန်၍ ဘယ်ဒူးခေါင်းနားတွင် ထိခိုက်ဒဏ်ရာရသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ABN ကိုအတည်ပြုပြောသည်။

“ဒီနေ့မနက်က ဒဏ်ရာရသွားတာပါ။ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ချိန်မှာ အဲ့ကလေးက အိမ်အရှေ့ဘက်ကွင်းပြင်မှာ ထိုင်နေတာပါ။ အဲ့ဒီက လက်နက်အစတွေထိပြီး သူ့ရဲ့ဒူးပေါ်မှာဒဏ်ရာရသွားတာပါ။

ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာတွင်လည်း ယနေ့မနက်ပိုင်း ၉ နာရီ ၂၀ ခန့်မှစတင်ကာ စစ်ကောင်စီမှ ပစ်လိုက်သည့်လက်နက်များ ထိမှန်ပြီး ၁၅နှစ်အရွယ် ၁၀ ကျော်သက်တစ်ဦးနှင့် အသက်၅၅နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရသွားခဲ့ရသည်။

၎င်းအပြင် ပုဏ္ဏားကျွန်းမြို့နယ် ဇိုက်ပြင်ရင်းရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းဝန်းတို့တွင်လည်း လက်နက်ကြီး ၄ ကြိမ် ကျရောက်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ