Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့မနက်က စကစ လက်နက်ကြီးကျည်ထိ၍ ကွမ်းတောင်ရွာမှ အရပ်သားတစ်ဦး ဒဏ်ရာပြင်းထန်ရ

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက်က စစ်တွေမြို့ ပါဒလိတ်တွင်အခြေချထားသည့် ခမရ ၂၃၂တပ်ရင်းမှ ပစ်လိုက်သည့် လက်နက်ကြီး ထိမှန်၍ ကွမ်းတောင်ရွာမှာ အရပ်သားတစ်ဦး လက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သူမှာ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာ ကဏန်းဒိုင်တွင် အငှားအလုပ် လုပ်ကိုင်နေသည့် အဖ ဦး မဲထွန်း၏သား မောင်ဇော်ဝင်းထွန်း အသက် ၃၄ နှစ်ဖြစ်ပြီး ၎င်း၏ ညာဖက်လက်မောင်နှင့် ရင်ဘတို့တွင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားကြောင်း သိရသည်။

ပေါက်တောမြို့နယ်၊ စိုးမဲကျီရွာမှ လာရောက်ပြီး ကွမ်းတောင်ရွာရှိ ကဏန်းဒိုင်တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၄ လခန့်ကြာပြီဖြစ်ကြောင်းသိရသည်။

ကွမ်းတောင်ရွာရှိ တရုတ်များပိုင်သည့် ကဏန်းဒိုင်တွင် အလုပ်လုပ်နေစဥ် ယနေ့ နံနက် ၆ နာရီ ၄၈ မိနစ်အချိန်ခန့်က ပါဒလိတ်တွင်အခြေချထားသည့် ခမရ ၂၃၂တပ်ရင်းမှ ပစ်သည့် ကျည်ထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“တရုတ်ကဏန်းဒိုင်မှာ အလုပ်လုပ်နေတဲ့ တစ်ယောက်ကို ကျည်ကျပြီး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာပြင်းတယ် လက်ကို ဖြတ်ရမယ်နဲ့တူတယ်” ဟု ကွမ်းတောင်ရွာသားတစ်ဦးက ABN ကိုပြောသည်။

လူနာအား ဆေးကုသရန် စစ်တွေဆေးရုံသို့ ယနေ့မနက် ၇ နာရီကျော်ခန့်က ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ ၂၈ မိနစ်မှ ၉ နာရီခန့်ထိ အကြိမ်ရေ ၂၀ ကျော် စစ်တွေပါဒလိတ်၊ ပုဏ္ဏားကျွန်း ၅၅၀၊ ကွမ်းတောင်အခြေချ စစ်ကောင်တပ်စီဖက်စခန်းများမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရပ်စပ် ပစ်ခတ်မှုရှိခဲ့သောကြောင့် ပုဏ္ဏားကျွန်းအနီး ရေဖြူကန် စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များမှ ကြောက်လန့်ပြီး အသက်လု ထွက်ပြေးခဲ့ကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ