သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန့်ခွန်းကောက်နှုတ်ချက်အချို့

ရဲဘော်တို့…..

တော်လှန်ရေးကာလမှာ တော်လှန်ရေးလောကဓံကို ရင်ဆိုင် ဖြတ်ကျော်နိုင်ရမယ်။ သွေဖယ်ရင် ကျွန်ဖြစ်မယ်။ သတ္တိရှိပြီး လက်တွေ့ဆန်တဲ့ မျိုးချစ်တွေအတွက် ဒီနာကျင်မှု ဒဏ်ရာအမာရွက်တွေဟာ ခွန်အားနဲ့ ဆုတံဆိပ်တွေပဲဖြစ်တယ်။ ဒီတော်လှန်ရေးကာလ ဖြတ်သန်းထိုးဖောက်မှု တိုက်ပွဲတွေမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘဝ၊ ခန္ဓာ အသက်တွေကို ပေးဆပ်သွားခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေကို လေးနက်စွာ အလေးဂါရဝပြုပါတယ်။

ဆက်လက်ပြီးတော့ ဒုက္ခသုခတွေကြားက ဘဝတွေကို ရင်းပြီး ယုံကြည်ချက်အပြည့်နဲ့ တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကို ထမ်းဆောင်နေကြတဲ့ ရဲဘော် ရဲမေ အပေါင်းကိုလည်း လေးနက်စွာ အလေးဂါရဝပြုပါတယ်။

တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတွေကြားက နာကြင်မှုမျက်ရည်တွေနဲ့ ရဲရင့်စွာ ရပ်တည်နေကြတဲ့ အာရက္ခပြည်သူတွေနဲ့ တော်လှန်ရေးကို ရောက်တဲ့နေရာက နိုင်တဲ့တာဝန်တွေကို ထမ်းဆောင်ပေးနေကြတဲ့ နိုင်ငံတကာနဲ့ အဝေးရောက် ရက္ခိုင်လုပ်သားပြည်တရပ်လုံး၏ ရပ်တည်ကူညီမှုတွေကို အထူးကျေးဇူးဥပကာရ တင်ရှိပါတယ်။ ဆက်လက်ပြီးတော့ ကြံ့ကြံ့ခံရပ်တည်ပေးကြပါ။ စည်းလုံးမှုအပြည့်နဲ့ ခရီးဆက်ကြပါမယ်။

ရက္ခိုင့်တပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် Post မှ ကူးယူဖော်ပြသည်။

မူရင်းတွင် ရက္ခိုင်ဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်သည်။

ယနေ့ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန့်ခွန်းကောက်နှုတ်ချက်အချို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ