Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောင်းဘွေရဲစခန်းမှ ထွက်ပြေးသည့် စစ်သားများ စပါးရိတ်သိမ်းနေသော ရွာသား ၄ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်သွား

မြောင်းဘွေရဲစခန်းမှ ထွက်ပြေးသည့် စစ်သားများ စပါးရိတ်သိမ်းနေသော ရွာသား ၄ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်သွား

AB News – ဒီဇင်ဘာ ၃၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာရှိ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က ယမန်နေ့ ဒီဇင်ဘာလ ၃၀ရက်၊ နံနက် ၂နာရီအချိန်တွင် သိမ်းပိုက်ခဲ့ပြီးနောက် လက်နက်ချအညံ့မခံဘဲ စခန်းမှထွက်ပြေးသွားသည့် စစ်ကောင်စီအဖွဲ့၏ စစ်သားများသည် မောင်ညိုကျွန်းကျေးရွာအနီး စပါးရိတ်သိမ်းနေသည့် သရက်ချိုကျေးရွာမှ မူဆလင်အမျိုးသား ၄ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံခဲ့ရသူများမှာ မြောက်ဦးမြို့နယ် သရက်ချိုကျေးရွာမှ ဦးဘူဒါးအာလီ ၅၂နှစ်၊ မောင်အာဘူလှ ၁၃နှစ်၊ ဦးမော်ကျားအာလီ ၅၆နှစ်နှင့် ဦးမာဆီဒီး ၃၈နှစ်တို့ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၀ရက်၊ နံနက် ၂နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာရှိ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီးနောက် စခန်းမှထွက်ပြေးသွားသည့် စစ်ကောင်စီအဖွဲ့၏ စစ်သားများသည် မောင်ညိုကျွန်းကျေးရွာအနီး စပါးရိပ်သိမ်းနေသည့် သရက်ချိုကျေးရွာမှ မူဆလင်အမျိုးသား ၄ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ယမန်နေ့တွင် မောင်ညိုကျွန်းရွာနဲ့ သရက်ချိုရွာကြားတွင် စပါးရိပ်သိမ်းနေတဲ့ သရက်ချိုရွာက မူဆလင်အမျိုးသား ၄ဦးကို မြောင်းဘွေရဲစခန်းက ထွက်ပြေးလာသည့် စစ်ကောင်စီ စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အခြားရွာတွေကိုလည်း လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တယ်” ဟု ဆိုသည်။

မြောက်ဦးမြို့နယ်ရှိ မြောင်းဘွေရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီ စစ်သားများသည် ခမရ ၅၄၀ တပ်ရင်းဘက်သို့ ထွက်ပြေးတပ်ဆုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် မြောက်ဦးမြို့ထဲမှ အရပ်သား ၉ ဦးမှာလည်း ဒီဇင်ဘာလ ၂၄ရက်နေ့က စစ်ကောင်စီအဖွဲ့၏ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရပြီးနောက် မိသားစုများနှင့်အဆက်အသွယ်မရသေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ