Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး သျှစ်သောင်းဘုရားပွဲတော်ကို မေလတွင်ကျင်းပမည်

မြောက်ဦး သျှစ်သောင်းဘုရားပွဲတော်ကို မေလတွင်ကျင်းပမည်

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့ရှိ ရှေ့ဟောင်းသမိုင်းဝင် သျှစ်သောင်းဘုရားပွဲတော်ကို ယခုနှစ် မေလတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ဂေါပကအဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

သျှစ်သောင်းဘုရားပွဲတော်ကို၂၀၂၃ မေလ၂ရက်နေ့မှ မေလ ၆ရက်နေ့အထိ ၅ရက်တိုင်တိုင်ကျင်ပသွားမှာဖြစ်သည်။

ပွဲတော်ကို နှစ်စဥ်ကျင်းပနေသည့်အတိုင်း ဗုဒ္ဓအဘိသေကအနေကဇာတင်ပွဲ၊ ပဌာန်းရွတ်ဖတ်ပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲ၊ရခိုင်ရိုးရာကျင်ပွဲ၊ ဘောလုံးပွဲ၊ ရခိုင်ရိုးရာယဥ်ကျေးမှုပဒေသာကပွဲနှင့် ဇာတ်သဘင်ပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်ပသွားမည်ဟု ဂေါပကအဖွဲ့ဝင်ဦးမောင်ပိန်က ပြောသည်။

“ကျနော်တို့ ပွဲတော်ကို မေ ၂ရက်နေ့ကနေ ၅ရက်တိုင်တိုင် အနေကဇာတင်ပွဲ၊ပဌာန်းပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ရိုးရာလောင်းပြိုင်ပွဲ၊ ကျင်ပွဲ၊ဘောလုံးပွဲ၊ ရိုးရာယဥ်ကျေးမှုကပွဲနဲ့ ဇာတ်သဘင်ပွဲတွေပါမယ်” ဟု ABN သို့ပြောသည်။

မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရားပွဲမှာ ရခိုင်ပြည်တွင်အကျော်ကြားဆုံးသော ပွဲတော်များထဲက တစ်ခုဖြစ်ပြီး မိုးမကျမီ နှစ်ဦးတွင် ပထမဆုံးစတင်ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်။

ယခုနှစ်တွင် ပွဲတော်ကို ၉၅ ကြိမ်မြောက်အဖြစ်ကျင်းပမှာဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ပွဲတော်ကိုလာရောက်ကာ မြောက်ဦးချောင်းထဲတွင် ရေပက်ကစားကြသည့် ပွဲတော်တစ်ခုဖြစ်ကာ ရခိုင်ပြည်၏ ဒုတိယသင်္ကြန်ဟုပင်တင်စားခေါ်ဝေါ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ