Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး လေးမြို့ချောင်းတွင် ၃ရက်ကြာ ပျောက်ဆုံးနေသော မမိုးမိုးဆန်း၏ ရုပ်အလောင်းကိုပြန်ရှာတွေ့

ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီ ခွဲ လောက်အချိန်တွင် ရခိုင်ပြည် မြောက်ဦး လေးမြို့မြစ်ခွဲ မြက်ရိတ်ကျွန်းအနီးတွင် စက်လှေမှောက်၍ ပျောက်ဆုံးနေသော မမိုးမိုးဆန်း၏ ရုပ်လောင်းကို ပြန်တွေ့ပြီဖြစ်ကြောင်းသိရသည်။

ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၇ရက် ညနေ ၆ နာရီခန့်တွင် မြောက်ဦးမြို့နယ် မြက်ရိတ်ကျွန်းရွာအနီး လေးမြို့ချောင်းတွင် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့အလယ်စျေး ရပ်ကွက်မှ အသက် ၁၇နှစ်အရွယ် ကျောင်းသူ မမိုးမိုးဆန်း ( ခ) အေးအေးနွယ် ဖြစ်သည်။

ဒီဇင်ဘာလ ၂၅ရက်နေ့က မြက်ရိတ်ကျွန်းကို သူငယ်ချင်းများစုပြီး အပျော်ထမင်းသွားချက်စားကြရာမှ လမ်းတွင်လှေမှောက် ရေနစ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ