Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး လေးမြို့ချောင်းတွင် စက်လှေမှောက်၍ ၁၇နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး

ရခိုင်ပြည် မြောက်ဦး လေးမြို့ချောင်းတွင် စက်လှေမှောက်ပြီး ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်မှ အသက် ၁၇ နှစ် အရွယ် မစိုးစိုးဆန်းဖြစ်ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့ မနက် ၉နာရီခွဲလောက်အချိန်ခန့်က လေးမြို့မြစ်ခွဲ မြက်ရိတ်ကျွန်းနားတွင် စက်လှေမှောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုစက်လှေထဲတွင် အမျိုးသား ၃ဦး၊ အမျိုးသမီး ၆ ဦးပါကြောင်းသိရသည်။

သေဆုံသွားသော မစိုးစိုးဆန်း၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ရှာမတွေးသေးကြောင်း သိရပါသည်။

“စက်လှေမြုပ်သွားတဲ့ အချိန်ကတည်းက သူ့ကိုရှာနေကြတာပါ၊ ခုထိရှာမတွေ့သေးပါဘူး၊ မနေ့ညကလည်း တညလုံးလိုက်ရှာကြပါတယ်၊ ဒါပေမယ့် မတွေ့ပါဘူး” ဟုဒေသခံတစ်ဦးမှပြောသည်။

ဒီဇင်ဘာလ ၂၃ရက်နေ့တွင်လည်း ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကုလာဘာကျေးရွာတွင် ကိုယ်ပိုင် ဥယာဉ်ခင်းအနီးရှိ စမ်းချောင်းတွင် ရေနစ်ပြီး အသက် ၃နှစ်အရွယ် မစုမြတ်နှင်း၊ ၁၆နှစ် အရွယ် ကိုးတန်းကျောင်းသူ မစုမြတ်လှိုင်နှင့် မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်မဖြူတို့ သားမိသုံးယောက် သေဆုံးသွားကြောင်းသိရသည်။

ပုံ-ရေနစ်ပျောက်ဆုံးနေသည့် မစိုးစိုးဆန်း /ABN

မြောက်ဦး လေးမြို့ချောင်းတွင် စက်လှေမှောက်၍ ၁၇နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ