Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး လင်းမြွေတောင်ကုန်းမှ စကစ အရာရှိတစ်ဦးအပါအဝင် တပ်သား ၁၇ ဦး AA ထံသို လက်နက်ချအလင်းဝင်

မြောက်ဦး လင်းမြွေတောင်ကုန်းမှ စကစ အရာရှိတစ်ဦးအပါအဝင် တပ်သား ၁၇ ဦး AA ထံသို လက်နက်ချအလင်းဝင်

AB News -ဇန်နဝါရီ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြိုနယ် လင်းမြွေတောင်ကုန်းမှ စကစ အရာရှိ ၁ ဦးအပါအဝင် တပ်သား ၁၇ ဦး AA ထံသို လက်နက်ချအလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

၎င်းတိုသည် ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၈ နာရီခွဲတွင် လင်းမြွေတောင်မှ တပ်ပေါင်းရန်ဆင်းလာသည့် အင်အား ၁၀ဝ ကျော်ပါစစ်ကြောင်းကို ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစ အဖွဲဝင် အများအပြားသေဆုံးပြီးနောက် AA ထံအလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူများထဲတွင် စကစ အရာရှိတစ်ဦး၊တပ်သား ၁၇ ဦးအပါအဝင် လက်နက်ခဲယမ်းများလည်းပါရှိသည်ဟု ဒေသခံ တစ်ဦးက AB News သိုပြောသည်။

” AA က လှမ်းပစ်လို စကစတွေသေဆုံးသွားပါတယ်၊ သေမှာကြောက်လို အရာရှိလည်းအလင်းဝင်တယ်၊၊ တပ်သားတွေလည်းပါတယ်၊၊ လက်နက်ခဲယမ်းတွေလည်းပါတယ်” ဟု ဆိုသည်။

ကျန်ရှိသော စကစတပ်ဖွဲဝင်များမှာ ကျားနင်းကန်အနီးမှာ ကင်းပုန်းဝပ်ပြီး ပုန်းနေသူများရှိခဲ့သည့်အပြင် ချုံပုတ်များသိုပြေးဝင်သွားသူများလည်းရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲမဖြစ်ပွားမီ၌ လင်းမြွေတောင်ကုန်းစခန်းမှ ဗိုလ် ၁ ဦးက ၎င်းတို၏ တပ်သားများကို လက်နက်ချ အညံ့မခံရန် ညွန်ကြားခဲ့သော်လည်း ၂ ဖက်တိုက်ပွဲ ရင်ဆိုင်ထိတွေ့ဖြစ်ပွားချိန်တွင် အလင်းဝင်ခဲ့ကြကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မင်းပြားမြိုနယ် သင်္ချိုင်းတောင်ကုန်းမှ ဒုရဲအုပ် ၁ ဦးသည် ညဥ့်အချိန်၌ တောင်ပေါ်မှဆင်းလာပြီး AA ထံအလင်းဝင်ရောက်ခဲ့သည်။

ရက္ခိုင်ဒေသအတွင်း တိုက်ရည်၊ ခိုက်ရည် ညံ့ဖျင်း၍ သွေးကြောင်ပြီး ထိတ်လန့်နေသော အကြမ်းဖက်စစ်ကောင်စီအဖွဲက ပြည်သူများသို ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများ နေ့စဥ်ရက်ဆက် သေဆုံးမှု ရှိလာသည်ကိုတွေ့ရသည်။

လက်ရှိတွင် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်တိုမှ စစ်ရှုးမှုနဲ့ ရင်ဆိုင်နေရသော အကြမ်းဖက် စစ်ကောင်စီအဖွဲဝင်များသည် ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ရောက်သူဦးရေ ၃၀၀ နီးပါးရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ