Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး ရွှေတောင်မီးငြိမ်သက်သွားပြီးဟုသိရ

မြောက်ဦး ရွှေတောင်မီးငြိမ်သက်သွားပြီးဟုသိရ

ABN-ရှိုင်းမိုး

ယမန်နေ့ နေ့လည် ၁နာရီမှစ၍ မြောက်ဦးမြို့ရွှေတောင် အောက်ခြေမှစ၍ မီးလောင်းမှုဖြစ်ပွားခဲ့သည်ဟုသိရသည်။

ထိုမီးလောင်းမှုကို ယမန်​နေ့ ည ၁၂နာရီခန့်အချိန်တွင်မီးငြိမ်းနိုင်ကြောင်းသိရသည်။

မီးငြိမ်းရာတွင် ထိုရွှေတောင်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများနှင့် ရွာသားများမှ ညဥ့် ၁၂နာရီကျော်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“ အစကတော့ တောင်ပေါ်သို့ စစ်သားတွေက အရပ်သားတွေကို တက်ခွင့်မပေးခဲ့ဘူး။ ၁၁နာရီ‌အချိန်လောက်မှ တက်ရပါတယ်၊ သူတို့လည်းဝင်ပြီးမီးသတ်ခဲ့ကြပါတယ်” ဟုကိုသန်းအောင် ဒေသခံကပြောသည်။

ထိုရွှေတောင်တွင် မြောက်ဦးမြို့အနီးရှိစစ်ကောင်စီတပ်မှ အခြေချတပ်စွဲနေထိုင်ကြောင်းသိရသည်။

ထိုမီးလောင်မှုဖြစ်ပွားနေချိန်တွင် မြောက်ဦးမီးသတ်မှ မီးငြိမ်းရန်လာကြသော်လည်း ရေပိုက်မမှီသောကြောင့် မီးမငြိမ်းနိုင်ဘဲပြန်သွားခဲ့ရသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ