Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး မြောင်းဘွေရဲစခန်းကို AA သိမ်းပိုက်ပြီး တပ်တော်အလံလွှင့်ထူ

မြောက်ဦး မြောင်းဘွေရဲစခန်းကို AA သိမ်းပိုက်ပြီး တပ်တော်အလံလွှင့်ထူ

AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၃

စစ်ကောင်စီလက်အောက်ခံ မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တပ်တော်အလံကိုလည်း လွှင့်ထူထားကြောင်း တွေ့ရသည်။

ရက္ခိုင့်တပ်တော်က ထိုမြောင်းဘွေရဲစခန်းအား ဒီဇင်ဘာလ ၂၈ ရက်နေ့ အစောပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ရက် ၆နာရီ ၄၉မိနစ်တွင် ရက္ခိုင့်တပ်တော် အလံကိုလွှင့်ထူပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သော စကစတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းလျက်ရှိကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“AA ကအလံလွှင့်တင်လိုက်ပါပြီ၊ စကစတွေသေဆုံးတာအများကြီးပါပဲ၊ တပ်စခန်းကထွက်ပြေးလွတ်မြောက်နေတဲ့ သူတွေကိုလည်း AA ကလိုက်လံပြီး တိုက်ခိုက်နေပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များတွင်လည်း မြောက်ဦးခရိုင်ရဲစခန်း၊ ပလက်ဝမြို့ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် ပွိင့် ၃၇၇ စစ်ဆင်ရေးအခြေကုတ်စခန်းတို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်သည် ၎င်းစခန်းများကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သော်လည်း အထိနာကျဆုံးလျက်ရှိသော စကစဖက်မှ စခန်းမကျဆုံးစေရေးအတွက် အပြင်းအထန်ခုခံတိုက်ခိုက်နေပြီး ၂ ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိထားသော စခန်းကြီး၊ စခန်းငယ် ၁၅၀ ခုထက်မနည်း သိမ်းပိုက်ရရှိခဲ့ပြီး ကျန်ရှိနေသော စကစ တပ်ဖွဲ့၏စခန်းများကိုလည်း ထပ်မံသိမ်းပိုက်ရန် အချိန်ကိုက် စစ်ဆင်ရေးပြုလုပ်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ