Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး ဗန္ဓုလ တံတားအောက်တွင် အမည် မသိ အမျိုးသား အလောင်း ၁ လောင်းတွေ့

ABN-ရှိုင်းမိုး

ရခိုင်ပြည် မြောက်ဦး ဗန္ဓုလ တံတားအောက်တွင် ယနေ့ နံနက် အစောပိုင်းအချိန်တွင် အမည်မသိ အမျိုးသား အလောင်း ၁ လောင်းတွေ့ရှိသည်ဟု သိရသည်။

ထိုအလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနေဆဲဖြစ်သည်။

လက်ရှိတွင် ပရဟိတအသင်းမှ ထိုအလောင်းကိုဆည်ယူနေသည်ဟုသိရသည်။

” အလောင်းက ရေးနှင့်မျောလာတာပါ၊ ဘယ်သူလဲဆိုတာမသိသေးပါဘူး၊ အလောင်းပုံစံကြည့်ရတာ သေတာကြာနေတဲ့ပုံစံပါပဲ” ဟု မြောက်ဦးဒေသခံ ကိုခိုင်မင်းသျှင်ကပြောသည်။

လက်ရှိတွင် မြောက်ဦး သျှစ်သောင်းပွဲ ကျင်းပလျက်ရှိနေပြီး လှေပြိုင်ပွဲလည်းပါသည်ကိုတွေ့ရသည်။

ဗန္ဓုလတံတားအောက်တွင် လူသေအလောင်းတွေသည်လည်း မြောက်ဦးသျှစ်သောင်းပွဲတော်တွင် လူပျောက်သည့်ပြောဆိုသံမျိုးမကြားဟု ကိုခိုင်မင်းသျှင်ကပြောသည်။

လက်ရှိတွင် မြောက်ဦး ဗန္ဓုလတံတားအောက်အနီးတွင် စစ်ကောင်စီရဲနှင့် စစ်သားများ လှုပ်ရှားနေကြသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ