Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး ခမရ ၃၇၈ တပ်ရင်းတွင် သတင်းထောက်တစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို ပစ်သတ်ရန်အမိန့်ပေးခဲ့သည့် ကျူးလွန်သူ ၃ ဦးအား ရက္ခိုင့်တပ်တော်က အရှင်လက်ရဖမ်းဆီးထား

AB News – ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် သတင်းထောက် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးကို ပစ်သတ်ရန်အမိန့်ပေးခဲ့သည့် ကျူးလွန်သူ ၃ အား ရက္ခိုင့်တပ်တော်က အရှင်လက်ရ ဖမ်းဆီးထားပြီး သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်အား ရက္ခိုင့်တပ်တော်က ယနေ့ နံနက်ပိုင်း ၉ နာရီ ၂၂ မိနစ်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ဦးမြို့ ခမရ ၃၇၈ တပ်ရင်း၊ ဗဟိုကင်းအချုပ်ခန်းတွင် ချုပ်နှောင်ခံထားရစဥ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူများမှာ (၁) သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ (၂) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့ (၃) ကိုကျော်သိန်းလှိုင် (၄) ကိုကျော်ဝင်းလှိုင် (၅) ကိုကိုညွန့် (၆) ကိုဝင်းနိုင် (၇) ကိုပြည့်စုံဝင်း တို့ (၇) ဦးတို့ဖြစ်သည်။

အဆိုပါ ၇ ဦးအား ၂၀၂၂ ခုအတွင်း ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့သည့် စစ်ကောင်စီ၏ လက်အောက်ခံ စစ်ဗိုလ်များမှာ ဗိုလ်မှူး မျိုးမင်းထွန်း၊ ဗိုလ်ကြီး ကျော်ကျော်မင်း၊ ဗိုလ်ကြီးကျော်လွင်၊  ဗိုလ်ကြီးကျော်ကျော်ထွန်း နှင့် ဗိုလ်ကြီး မင်းအောင်တို့ဖြစ်သည်။

၎င်းတို့ သတ်ဖြတ်ခံရခြင်းဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃) ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဒု- တပ်ကြပ် သန်းအောင် နှင့် တပ်ကြပ်ကြီး အေးထွန်း ၏သားဖြစ်သူ မောင်မောင် အရပ်သား တို့ရောက်လာကြပြီး ၎င်းတို့အား “တပ်ရဲဗိုလ်ကြီး အာကာမြင့် ကို တစ်ခေါက်ပြောပေးဟုဆိုကာ ဗဟိုကင်းအချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အရပ်သား (၇) ဦးကို ပစ်သတ်ရန်အတွက် ညွှန်ကြားချက် ပေးလိုက်ကြောင်း သိရသည်။

ထိုသို့ညွှန်ကြားလိုက်သည်ကို ဒု-တပ်ကြပ် သန်းအောင် နဲ့ မောင်မောင် (အရပ်သား) တို့မှ တပ်ရဲဗိုလ်ကြီး အာကာမြင့် အားတင်ပြခဲ့သည်။

တပ်ရဲဗိုလ်ကြီးမှတစ်ဆင့် ၎င်းအရပ်သား (၇) ဦးအားပစ်သတ်မည့်ကိစ္စကို ရဲခရိုင်မှူး ဒုတိယ ရဲမှူးကြီး ခင်မောင်စိုး အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ၁ နာရီ ၄၅နာရီအချိန်ခန့်တွင် တင်ပြခဲ့ရာ ဒုတိယရဲမှူးကြီး ခင်မောင်စိုး မှ “ရှင်းစရာရှိတာကိုရှင်း​ပစ်လိုက်၊ နောက်မှကြည့်ရှင်း​ကြမယ်” ဟု ပြောဆိုခဲ့သည်။

ထို့နောက် တပ်ရဲဗိုလ်ကြီး အာကာမြင့် သည် ဖမ်းဆီးထိန်းသိမ်းထားသည့် အရပ်သား (၇) ဦးအား ပစ်သတ်ရန်အတွက် ဒု-တပ်ကြပ် သန်းအောင် ကို ထပ်ဆင့်တာဝန်​ပေးအပ်ခဲ့သည်။ ပစ်သတ်ရာတွင် ​သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းကိုဗုံးခိုကျင်းထဲတွင် မြေမြှုပ်သင်္ဂြိုလ်ရန် ညွှန်ကြားလိုက်ကြောင်း AA ၏ထုတ်ပြန်ချက်အရ သိရသည်။

ဒု-တပ်ကြပ် သန်းအောင်သည် ဗဟိုကင်း၌ဖမ်းဆီးချုပ်နှောင်ထည့်ထားသည့် အရပ်သား (၇) ဦးကို အချုပ်ခန်းအပြင်သို့ လက်ထိပ်ခတ်၍ မျက်စိကိုအဝတ်ဖြင့်စည်းကာ တပ်စခန်းအတွင်းဆေးရုံအနောက်ဖက်တောင်ကျိုင် (တောင်ကြား) ရှိ ရဲမေများ ပုန်းခိုရန်တူးထားသည့် ဗုံးခိုကျင်းသို့ခေါ်ဆောင်ခဲ့သည်။

ထို့နောက်  ဗုံးခိုကျင်းရှိရာနေရာသို့ ရောက်ရှိချိန်တွင် ဗုံးခိုကျင်းရှိရာဖက်ကိုမျက်နှာလှည့်ခိုင်းထားခဲ့ပြီးလျှင် နောက်မှနေ၍ ဦးခေါင်းနှောက်စေ့ကို MA-1 သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အလောင်းများကို ဗုံးခိုကျင်းထဲတွင် မြေမဖုံးဘဲထည့်ထားခဲ့ကြောင်း အမိန့်ပေးရာ၌ကိုယ်တိုင်ပါဝင်ခဲ့သည့် စစ်ဗိုလ်မှူးများထံမှ ရက္ခိုင့်တပ်တော် စစ်ဆေးရာတွင် သိရသည်။

ရက္ခိုင်သတင်းထောက် မြတ်သူထွန်း(ခ) ဖိုးလပြည့်ကို ပစ်သတ်ခဲ့သူမှာတပ်ကြပ်ကြီး စံဦးမောင်၏သား ဇော်ဇော်အောင် ဖြစ်ပြီး Online Influencer ရက္ခိုင်ဆယ်လီ ကျော်ဇံဝေ ( ခ) ဖိုးလပြည့်ကို ပစ်သတ်ခဲ့သူမှာ အရပ်သား (တပ်မိသားစု) ရဲအောင်ဟိန်းဖြစ်သည်။

အလားတူ အရပ်သား ကိုကိုညွန့်၊ ကျော်ဝင်းလှိုင်၊ ကျော်သိန်းလှိုင် ၃ ဦးအား ပတ်သတ်ခဲ့သူမှာ တပ်ကြပ်ကြီး အေးထွန်း၏သား မောင်မောင်ဖြစ်ပြီး၊ ပြည်စုံဝင်းကို ပစ်သတ်ခဲ့သူမှာ တပ်သား မောင်မောင်လေး ဖြစ်ကာ ဦးဝင်းနိုင်ကိုပစ်သတ်ခဲ့သူမှာ ဒုတပ်ကြပ် ချစ်ထွေးတို့ဖြစ်ကြသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ