Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး ကိုးသောင်းပုထိုးတော်ဘုရားပွဲတော်ကို ၃ ရက်ဆက်တိုက် ကျင်းပပြုလုပ်မည်ဟု သိရ

မြောက်ဦး ကိုးသောင်းပုထိုးတော်ဘုရားပွဲတော်ကို ၃ ရက်ဆက်တိုက် ကျင်းပပြုလုပ်မည်ဟု သိရ

ABN-ရှိုင်းမိုး

ရခိုင်ပြည်ရှိ မြောက်ဦး ကိုးသောင်းပုထိုးပွဲတော်ကို ၃ ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ပွဲရက်မှာ ခရစ်သက္ကရာဇ် ၂၀၂၃ခုနှစ် မတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့ထိ ၃ရက်ကျင်းပပြုလုပ်သွားမည်ဟုသိရသည်။

ဘုရားပွဲတွင် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲနှင့် ညပိုင်းတွင် ဇာတ်သဘင်ပွဲတော်လည်းပါဝင်ကြောင်းသိရသည်။

ကိုးသောင်းပုထိုးတော်ကြီးသည် မြောက်ဦး နန်းရာကုန်း၏ အရှေ့ဘက် ၁မိုင်ခန့်အကွာတွင် တည်ရှိပြီးယခင်က ကျင်းပခဲ့ခြင်းမရှိသည်ဟုသိရသည်။

အလားတူ ကျောက်‌တော်မဟာမုနိဘုရားပွဲတော်ကိုလည်း မတ်လ ၃ရက်နေ့မှ ၇ရက်နေ့ထိ ၅ရက်ဆက်တိုက်ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ