Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး၊ ပေါင်းတုတ် မူဆလင်ရွာတွင် နေအိမ် ၅ ဆောင် မီးလောင်မှု ပြာကျ

ရခိုင်ပြည် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် မူဆလင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နေအိမ် ၅ ဆောင် မီးလောင်းကျွမ်းသွားကြောင်းသိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီခွဲကျော်လောက်အချိန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၉ နာရီခွဲမှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပေါင်းတုတ်ရွာမှ ရွာသားတစ်ဦးမှပြောသည်။

“ပေါင်းတုတ်ရွာက အိမ် ၅ လုံးပါသွားပါတယ်၊ ၈ နာရီခွဲလောက်ကနေစပြီးလောင်းတာပါ ၁ နာရီခန့်လောက်ကြာမှ ငြိမ်းသွားတယ်၊ အိမ် ၅ ဆောင်လုံးပြာကျသွားပါတယ်” ဟု ပြောသည်။

ထိုမီးလောင်းမှု စတင်ဖြစ်ပွားခြင်းမှာ ဦးရှော်အီးနာအိမ်၏ ထမင်းချက် မီးဖိုတွင် ကျန်နေသည့် မီးစမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူများကို ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

” မီးသတ်ကားရောက်လာပါတယ်၊ ဒါပေမယ့် သူတို့ရောက်တဲ့အချိန်က မီးငြိမ်သွားပါပြီး” ဟုပြောသည်။

အလားတူ ရသေ့တောင်မြို့တွင် စစ်ဘေးရှောင်များနေထိုင်လျက်ရှိသော ပညာပါရမီ

ဘုန်းတော်ကြီးကျောင်းတွင်လည်း ယမန်နေ့ နေလယ် ၁နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မြောက်ဦး၊ ပေါင်းတုတ် မူဆလင်ရွာတွင် နေအိမ် ၅ ဆောင် မီးလောင်မှု ပြာကျ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ