Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှာင်ဦးရေ ၃၀၀၀ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရ

AB News – ဒီဇင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀ ကျော်သည် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်ထိတ်လန့်သည့်အတွက် ဘေးလွတ်ရာသို့ ထပ်မံ ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည့်အတွက် အသက်အန္တရာယ်မှ လွတ်ဿ်းရာနေရာသို့ စစ်ရှောင်နေကြရကြောင်း အမည်မဖော်လိုသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

” စကစတွေက ပြည်သူတွေကို ဦးတည်ပြီးပစ်မှတ်ထားတော့ ကျမတို့လည်း အသက်ဘေးလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းနေရတယ်၊ စစ်ဘေးရှောင်စခန်းအရှေ့မှာတောင် လက်နက်ကြီးတစ်လုံးပေါက်ကွဲသွားတာရှိတယ်၊ ဒါကြောင့် အကုန်လုံးပြေးနေရတာပါ ဟု ဆိုသည်။

မြောက်ဦးမြို့ လေးမျက်နှာ ဘုရားအနီးရှိ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းအနီးတွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့ပေါ်ရှိစခန်းများနှင့် စစ်ရှောင်များမှာ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ ၁၁၀၀ ကျော်၊ ရွှေထီးဆောင်းစစ်ဘေးရှောင်စခန်းမှ ၃၀၀ ကျော်၊ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းမှ ၄၀၀ ကျော်၊ ဘုရားပေါ်စစ်ဘေးရှောင်စခန်းမှ ၂၀၀ ကျော်၊ သျှစ်သောင်းစစ်ဘေးရှောင်စခန်းမှ ၁၀၀ ကျော်၊ နရစားစစ်ဘေးရှောင်စခန်းမှ ၁၀၀ ကျော်၊ လက်ကောက်စျေးစစ်ဘေးရှောင်စခန်းမှ ၂၀၀ ကျော်အပါအဝင် တစ်ခြားစစ်ဘေးရှောင်စခန်းများမှလည်း ၅၀၀ ထက်မနည်း ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။

စခန်းများတွင် ကျန်ရှိနေသောစစ်ဘေးရှောင်းအချို့မှာလည်း ကား၊ ဆိုင်ကယ်၊ သုံးဘီးများရှာမရသည့်အတွက် လုံခြုံသည့်နေရာသို့သွားရန်အချိန်ကြန့်ကြာမှုရှိနေပြီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက်ကြောင့် အသက်အန္တရာယ်ကို စိုးရိတ်ထိန်လန့်နေကြကြောင်း သိရသည်။

အသက်ဘေးလွတ်ရာ ထွက်ပြေးနေရသောစစ်ဘေးရှောင်သူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအပါအဝင် ကျောင်းသူ/သားများလည်းပါရှိပြီး နေစရာအိမ်များရှာဖွေရန် အခက်တွေ့နေကြရသည်ဟု သိရသည်။

မြောက်ဦးမြို့တိုက်ပွဲအတွင်း၌ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကာ သမိုင်းဝင် အမွေအနှစ်များစွာပျက်စီး ဆုံးရှုံးခဲ့သည်။

စစ်ကောင်စီအဖွဲ့ က ပြည်သူများကို နိုင်ထက်စီးနင်းလုပ်ဆောင်လာခြင်း နှင့် သမိုင်းဝင်ပုထိုးတော်များကို ဖျက်ဆီးလာခြင်းလုပ်ရပ်များကိုလည်း ရက္ခိုင့်တပ်တော်မှ လက်တုံ့ပြန်သွားမည်ဟု ပြောထားသည်။

ဓာတ်ပုံ-မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြသည်ကိုတွေ့ရစဥ်/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ