Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမှ အရပ်သား တစ်ဦးကို စစ်တပ်က ညအချိန် ဝင်ရောက်ဖမ်းဆီး

မြောက်ဦးမြို့မှ အရပ်သား တစ်ဦးကို အောက်တိုဘာ ၂၂ ရက် ည ၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားကြောင်း မိသားစုနဲ့ နီးစပ်သူများကပြောသည်။

ဖမ်းဆီးခံရသူမှာ အဖ ဦးသိန်းထွန်းအောင်၏သား ဦးကျော်သိန်းလှိုင် အသက် ၄၆ နှစ်ဖြစ်သည်။

၎င်းသည် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ၎င်းင်း၏ နေအိမ်တွင် ညဖက် အိပ်နေစဥ် အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောသည်။

“ညဖက် ၁ နာရီလောက်က သူ့(ဦးကျော်သိန်းလှိုင်) အိမ်မှာ အိပ်နေတုန်း စစ်တပ်က လာဖမ်းသွားတာ ခုထိတော့ ဘာအဆက်အသွယ်မှမရသေးဘူးလို့ သိရတယ်” မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ABN ကိုပြောသည်။

သတင်းအပြည့်အစုံအား စုံစမ်းသိရှိနိုင်ရန် ဦးကျော်သိန်းလှိုင်၏ ဇနီးဖြစ်သူအား ဖုန်းခေါ်ဆိုရာ ဖုန်းလက်ခံ ဖြေကြားရန်ပင် အခက်တွေ့နေသည်ကို သိရှိရသည်။

“အခု ဘာမှ မပြောနိုင်သေးဘူး နောက်မှပြောပါ့မယ် “ဟုဆိုသည်။

ဦးကျော်သိန်းလှိုင်မှာ မြောက်ဦးမြို့နယ် တိမ်ညိုစံပြရွာတွင် “သာလီစွ” အမည်ရှိဆီဆိုင်ဖွင့်လှစ်ရောင်းချနေသူဖြစ်သည်။

အောက်တိုဘာ ၂၀ ရက်နေ့ကလည်း မြောက်ဦးမြို့ ပြင်ဈေးရပ်ကွက်မှ ကိုထွန်းထွန်းဝင်း အသက် ၃၂ နှစ်ကို စစ်ကောင်စီမှ ဖမ်းဆီးထားသည်။

မြောက်ဦးမှ အရပ်သား တစ်ဦးကို စစ်တပ်က ညအချိန် ဝင်ရောက်ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ