Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမှ ယနေ့မနက် လက်နက်ကြီး လှမ်းပစ်နေ

AB News – နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ ငွေတောင်ပေါက်တပ်ရင်းမှ လက်နက်ကြီးလှမ်းပစ်နေကြောင်း သတင်း ရရှိသည်။

စကစတပ်ဖွဲ့ဝင်များ သည် ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက် ၅ နာရီ ၅၂ မိနစ်အချိန်က စပြီး အုတ်ဖိုကန် ဖက်သို့ လက်နက်ကြီး လှမ်းပစ်နေကြောင်း ဒေသခံတစ်ဦး က AB News သို့ ပြောသည်။

” လက်နက်ကြီးစပစ်နေပါပြီ၊ အုတ်ဖိုကန်ဖက်ကိုပစ်နေတယ် ” ဟု ဆိုသည်။

စကစ ဖက်မှ ပစ်နေသောလက်နက်ကြီးကျည်သည် အုပ်ဖို​ကန်အနီးအနားတောင်၌ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတို့သည် ည ၊မနက် လက်နက်ကြီးပစ်ခတ်လာမှုသည် ရက္ခိုင်ပြည်သူများအား အကြောက်တရားလွှမ်းမိုးလာစေရန် ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင်း ယမန်နေ့ ညနေ ၈ နာရီနှင့် ၁၁ နာရီကြားထိ ​မြို့နယ် ၄ ခုမှ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လက်နက်များ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ယမ်းသပ်ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ်မှ တစ်ချို့ဒဏ်ရာ ရသွားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်ရှိ မောင်ရွှီကန်၊ အုတ်ဖိုကန် နှင့် သံချောင်းရွာဟောင်းမှ ပြည်သူများ ပုန်းဝှက်နေရကြောင်း သိရသည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား သိရှိနိုင်ရန် AB News က ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ