Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်တွင် နေအိမ်တစ်အိမ် မီးလောင်နေ

AB News-ဒီဇင်ဘာ ၂၆၊ ၂၀၂၃

မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်း ၇ နာရီ ၁၅ မိနစ်ခန့်က နေအိမ် တစ်အိမ် မီးလောင်နေကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့က မြောက်ဦးအား ယနေ့ ညနေပိုင်းတွင် ဒရုန်းများဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

ထို့အပြင် ညနေ ၄ နာရီခွဲခန့်က ဂျက်တိုက်လေယာဥ်ဖြင့် မြောက်ဦးမြို့အား ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ၏ ခရိုင်ရုံးနှင့် ထွေအုပ်ရုံး ၂ ခု ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် နေ့လည်က ဆင်ချဆိပ်ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဘု လက်နက်ကြီးကျည်ထိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ