AB News- ဇန်နဝါရီ ၂၈၊ ၂၀၂၄
ယမန်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ် ခမရ (၃၇၇) ၊ ခမရ (၅၄၀) နှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့မှ ပစ်ခတ်သည့်လက်နက်ကြီး မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်၊ ကုန်သည်တန်း ခွဆုံနားတွင် ကျရောက်ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးပြီး၊ ၇ ဦးဒဏ်ရာရရှိကာ လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရှိရသည်။
ABN Website:
https://www.arakanbaynews.com