Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

AB News – ဖေဖော်ဝါရီ ၁၊ ၂၀၂၄

မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း ယမန်နေ့ ညဥ့် ၁၂နာရီ၊ ၄၁မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၀၀ကျော် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့ကြောင်းလည်း သိရသည်။

ထုတ်ပြန်ချက်တွင် “မြောက်ဦး အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းများထဲမှ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ ရန်သူ၏ ခုခံစစ်အားအပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်သည်။” ဟု ဖော်ပြထားသည်။

မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းသည် မြောက်ဦးပြည်သူလူထုနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်များကို ဒုက္ခပေး ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုဖြစ်သည်။

ထို့အပြင် မြောက်ဦးရှိ ခမရ ၃၇၇၊ ၃၇၈ တပ်ရင်းများကိုလည်း ရက္ခိုင့်တပ်တော်က ဆက်လက် တိုက်ခိုက်လျက်ရှိသည်ဟု AA ကဆိုသည်။

ရက္ခိုင်ပြည်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများသည် ယခင်ရက်များနည်းတူ ရှိနေခဲ့ပြီး ယမန်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိဖြင့် မြို့များကို  လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများမှာလည်း နေ့စဉ်ရက်ဆက်ရှိနေခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ