Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ အမှတ် ၃၇၇ တပ်ရင်း ကို AA သိမ်းပိုက်၊ စစ်ကောင်စီအဖွဲ့ဝင် ရာချီဖမ်းဆီးရမိ

မြောက်ဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ အမှတ် ၃၇၇ တပ်ရင်း ကို AA သိမ်းပိုက်၊ စစ်ကောင်စီအဖွဲ့ဝင် ရာချီဖမ်းဆီးရမိ

AB News-ဖေဖော်ဝါရီ ၇၊ ၂၀၂၄

ရက္ခိုင်ပြည် မြောက်ဦးမြို့တွင် နောက်ဆုံးလက်ကျန်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၇၇ ခြေမြန်တပ်ရင်းကို ယနေ့ နေ့လည်က ရက္ခိုင့်တပ်တော်မှ အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA နှင့်နီးစပ်သူများက အတည်ပြုပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လည်ပိုင်းက မြောက်ဦးတွင် နောက်ဆုံးလက်ကျန်ရှိနေသည့် ၃၇၇ တပ်ရင်းကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် AA နှင့်နီးစပ်သူ တစ်ဦးက AB News သို့အတည်ပြုပြောသည်။

“အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးကျန်နေတဲ့ ၃၇၇ ကို တပ်တော်က သိမ်းပလိုက်ပါပြီ။ စစ်ခွီး (စစ်ကောင်စီအဖွဲ့ဝင်) ရာချီပြီးတော့ကို ဖမ်းရထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီအဖွဲ့ဝင် ရာချီ အရှင်ဖမ်းဆီးရမိထားကြောင်း သိရသည်။

မြောက်ဦးမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၃၇၈ ခြေမြန်တပ်ရင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတိ ၃ ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်တွင်း တိုက်ပွဲ စဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ မြို့ ၇ မြို့ကို အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်ထားပြီဖြစ်သည်ကို တွေ့ရသည်။

နောက်ထပ်ကျန်ရှိနေသေးသည့် မြို့နယ်များတွင်လည်း စစ်ကောင်စီအဖွဲ့၏ စခန်း၊ ဗျူဟာကုန်း၊ တပ်ရင်းများကို ရက္ခိုင့်တပ်တော်က ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ-မြောက်ဦးရှိ စစ်ကောင်စီအဖွဲ့ ခမရ ၅၄၀ အားသိမ်းဆည်းရမိစဥ်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ