Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ရှိလက်ကောက်စျေး စစ်ဘေးရှောင်စခန်းမှ ၃၁ ဦးနေရပ်ပြန်

ABN-ကိုဟိန်းထွန်း၊

ရခိုင်ပြည်၊ မြောက်ဦး​မြို့ရှိ၊ လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် စစ်ဘေးရှောင် ၃၁ ဦး ယနေ့ ၁ နာရီကျော်တွင် နေရပ်ပြန်သွားကြောင်းသိရသည်။

အိမ်ပြန်သည့်စစ်ဘေးရှောင်များအား တစ်အိမ်ထောင်စီအတွက် အဝတ်ထည့်ဘူး ၁ လုံး၊ သောက်ရေဖလား ၁ လုံး၊ စောင် ၁ ထည်၊ ခြင်ထောင် ၁ ထည်၊ ပုဆိုး ၁ ထည်၊ အင်္ကျီ ၂ ထည်၊ ထဘီ ၁ ထည်၊ မျက်နှာသုတ်ပဝါ ၁ ခု၊ တာပေါ်လင် မိုးကာ ၂ ထည် တို့ကို စစ်ကောင်စီမှ ပေးခဲ့သည်ဟု သိရသည်။

နေရပ်ပြန်သည်မဗာ အိမ်ထောင်စု ၈ စုဖြစ်ပြီး အုပ်ဖိုကန်မှ ၄စု၊ ရွာဟောင်းတောမှ ၂ စု၊ ပေါက်တောပြင်မှ ၁စု၊ အလယ်ကျွန်း ကျောက်တော်မှ ၁ စုဖြစ်ပြီး ကျား ၁၆ ဦးနှင့် မ ၁၅ ဦးတို့ဖြစ်သည်။

တစ်အိမ်ထောင်စီ လိုအပ်သည့် ငွေ နှင့် စားနပ်ရိက္ခာများကို မတ်လ ၅ ရက်နှင့် ၆ ရက်တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ထွေအုပ် ဥက္ကဌ က ပြောခဲ့သည်ဟု စခန်းတာဝန်ခံ ကျော်မင်းက ABN ကိုပြောသည်။

” ငွေ နဲ့ စားနပ်ရိက္ခာတွေကို ၅ ရက်နဲ့ ၆ ရက်မှာပေးသွားမယ်လို့တော့ မယက ဥက္ကဌ ကပြောပါတယ်၊ အခုတော့ မပေးလိုက်သေးဘူး “ဟုဆိုသည်။

အဆိုပါနေရပ်ပြန်သူတို့အတွက် မြောက်ဦးမြို့ ကြက်ခြေနီအသင်း၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် ဌာနပေါင်းစုံတို့မှ ဝိုင်းဝန်းကူညီခဲ့ကြောင်းသိရသည်။

ယခုအချိန်တွင် အေးချမ်းသည့်အခြေအနေမှာရှိနေ၍ မိမိတို့အိမ်ကိုပြန်နိုင်ကြောင်း ၊ အိမ်ပြိုသွားလျှင်လည်း တောင်းဆိုနိုင်ကြောင်းနှင့် ၎င်းတို့မှ လုပ်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူး မျိုးဝင်းက ပြောသည်ဟု နေရပ်ပြန် စစ်ဘေးရှောင် ဒေါ်ခင်သန်းနုက ABN ကိုပြောသည်။

“အခုအချိန်က အေးချမ်းတဲ့အခြေအနေပေါ့၊ အိမ်ပြန်ချင်တဲ့သူ ပြန်နိုင်ပါတယ်၊ အိမ်တွေပြိုသွားလည်း တောင်းဆိုနိုင်ပါတယ်၊ ကျွန်တော်တို့က လုပ်ပေးနိုင်တာ လုပ်ပေးသွားမယ်လို့ ပြောပာတယ်” ဟုပြောသည်။

လက်ရှိ၎င်းလက်ကောက်စျေး စစ်ဘေးရှောင်စခန်းတွင် နေရပ်မပြန်ဘဲ အိမ်ထောင်စု ၁၃၁ စုရှိကြောင်း စခန်းတာဝန်ကပြောသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအား စစ်ကောင်စီတပ်က နေရပ်ပြန်ခိုင်း၍ ပြန်သွားကြသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ