Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့မှ သက်ငယ်မုဒိမ်းမှုတွင် ကျူးလွန်သူအား သေဒဏ်ပေးရန် မိခင်ဖြစ်သူတောင်းဆို

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၃၀ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်တွင် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှုတွင် ကျူးလွန်သူအား သေဒဏ်ပေးရန် ကလေးငယ်မိခင်က တောင်းဆိုလိုက်သည်။

မုဒိမ်းကျင့်ခံရသည့် ကလေးငယ်မှာ မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၄နှစ်အရွယ် မသဇင်ချေ (အမည်လွှဲ) ဖြစ်သည်။

ကျူးလွန်သူမှာ တစ်ရပ်ကွက်တည်းနေ အဖ ဦးအောင်စံလှ၏သား အသက် ၃၁ နှစ်အရွယ် ဦးဇော်ဝင်းမောင်ဖြစ်ပြီး ၎င်းသည် ကလေးငယ်ဆော့ကစားနေစဥ် ကလေးငယ်အား မုန့်ဖိုး ငွေ ၁၀၀ ကျပ်ပေးပြီး မြောက်ဦးမြို့လေးမျက်နှာဘုရားအနီးတွင် မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ ၂၉ရက်နေ့ မွန်းလွဲ ၂နာရီအချိန်က ထိုကလေးငယ်အား နေအိမ်မှ အနီးနားရှိဆိုင်မှ ငွေ၂၀၀ကျပ်တန်ဖြင့် ဆေးလိပ်ဝယ်ခိုင်းချိန် စပ်ကြားတွင် ဇော်ဝင်းမောင်ကခေါ်သွားခြင်းဖြစ်ပြီး ပြန်တွေ့သည့်အချိန်၌ ကလေးငယ်၏ မျက်နှာတွင် ဒဏ်ရာများတွေ့ရှိကြောင်း မိခင်ဖြစ်သူက ABNသို့ပြောသည်။

“ကျမသမီးလေး ပျောက်သွားတော့ ရပ်ကွက်ကသူတွေလည်း လိုက်ရှာကြပါတယ်။ ကျမသမီးပြန်တွေ့တဲ့အချိန် ၄နာရီအချိန်ကပါ။ လေးမျက်နှာဘုရားနားမှာ ဘုရားဖူးသားတွေ့လို့ လက်ကိုကိုင်လာကြပါတယ်၊ အဲဒီအချိန်မှာမှ ကျမတို့တွေ့တော့ ကျမသမီးရဲ့ မျက်နှာနဲ့ နားခပ်နားတွေမှာ ဒဏ်ရာတွေနဲ့တွေ့ရ တာပါ” ဟုပြောသည်။

၎င်းကလေးငယ်အား မြောက်ဦးမျိုးပြည်သူ့ ဆေးရုံတွင် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆရာဝန်များက မုဒိမ်းကျင့်ထားခြင်းထင်ရှားကြောင်းပြောခဲ့ပြီး အမှုနှင့်ပတ်သက်ပြီး ကလေးငယ်၏မိခင်က နောင်လာနောင်သားသမီးများ ယခုလိုအဖြစ်မျိုးနှင့် မကြုံစေရန် ကျူးလွန်သူအား သေဒဏ်ပေးလိုကြောင်း ပြောသည်။

“ကျမအမေတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကျူးလွန်တဲ့အကောင်ကို သေဒဏ်ပေးလိုက်ပါတယ်၊ တကယ်လို သူ့ကိုထောင်ချခဲ့ရင်လည်းသူပြန်လွတ်လာရင် နောက်ထပ်ကလေးများ ကျမသမီးလိုအဖြစ်ဆိုးနဲ့ကြုံရမှာကို ကြောက်တယ်” ဟုပြောသည်။

ယနေ့နေ့လယ်အချိန်က ULA/AA တရာရုံးမှ ကလေးငယ်နှင့် တရားခံကို စစ်ဆေးမှုပြုလုပ်ချိန်တွင် ကလေးငယ်ကတရားခံ ဇော်ဝင်းမောင်ဖြစ်ကြောင်းပြောပြီး တရားခံကလည်း ၎င်းကလေးငယ်အား ခေါ်ယူခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“သမီးလေးက ၄နှစ်ဆိုပေမယ့် သူကအကုန်လုံးကိုနားလည် နေပါပြီ။ တရားရုံးမှာလည်း ဇော်ဝင်းမောင်က သူ့ကိုခေါ်ခဲ့ကြောင်း ထွတ်ဆိုခဲ့ပါတယ်” ဟုပြောသည်။

ကလေးငယ်၏ မိဘနှစ်ပါးမှာ ချောင်းထဲ၌ ငါးရှာသည့် လုပ်ငန်းဖြင့်လုပ်ကိုင်စားသောက်နေသူများဖြစ်ပြီး ဆင်းရဲသည့် မိသားစုဖြစ်သည်။

ဓာတ်ပုံ-ပြစ်မှုကျူးလွန်သူ ဇော်ဝင်းမောင်

မြောက်ဦးမြို့မှ သက်ငယ်မုဒိမ်းမှုတွင် ကျူးလွန်သူအား သေဒဏ်ပေးရန် မိခင်ဖြစ်သူတောင်းဆို

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ