Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့မှအပြန် မြောင်းဘွယ်လမ်းမကြီးတွင်သုံးဘီး ၁စီးတိမ်းမှောက်၍ ပြင်းထန်ဒဏ်ရာရ

ABN-ကိုဟိန်းထွန်း

ဇွန် ၃ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့သို့ သုံးဘီးဖြင့်ပန်းဝယ်ရန်သွားသည့် အမျိုးသမီး ၄ ဦးသည် ယနေ့ မွန်းလွဲ၁ နာရီ ၂၀မိနစ်တွင် မြို့မှအပြန် မြောင်းဘွယ်လမ်းမကြီး၌ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ကာ ပြင်းထန်ဒဏ်ရာ ၂ ဦးရရှိခဲ့ကြောင်း ဒေသခံ ၁ ဦးက ABN သို့သတင်းပေးပို့လာခဲ့သည်။

ဒဏ်ရရှိခဲ့သူအမျိုးသမီးများသည် မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာမှဖြစ်ပြီး ကျန် ၂ ဦးမှာလည်း ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းသိရသည်။

၎င်းတို့သည် နံနက်ပိုင်းက မြောက်ဦးမြို့သို့ ပန်းဝယ်ရန်သွားခဲ့ပြီး ပြန်လာသည့်အချိန်တွင် စက်အရှိန်ကြောင့် ဘီးပေါက်သွားခဲ့ကာ မြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း မျက်မြင် ၁ ဦးက ABN သို့ပြောသည်။

“မနက်ပိုင်းလောက်က မြောက်ဦးကိုသွားတယ်၊ ဘုရားပန်းဝယ်ဖို့သွားတာပါ၊ ပြန်လာတဲ့အခါ ဘီးပေါက်သွားတယ်၊ စက်အရှိန်မထိန်းနိုင်ပဲ မြောင်းထဲကိုထိုးဆင်းသွားပါတယ်” ဟု ဆိုသည်။

အမျိုးသမီးများသည် မြို့မှ ဘုရားပန်းများဝယ်ပြီး တခြားရွာများတွင် ရောင်းချနေကြသူများဖြစ်ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် လူများကို သုံးဘီးပိုင်ရှင်မှ တာဝန်ယူပေးပြီး မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ပေး၍ ကုန်ကျသည်ငွေများကို ပေးခဲ့ကြောင်း ၎င်းမှဆက်၍ပြောသည်။

“ဒဏ်ရာရတဲ့သူတွေကို သုံးဘီးပိုင်ရှင်က တာဝန်ယူပေးပြီး မြောက်ဦးပြည့်သူ့ဆေးရုံကြီးသို့ပို့ပေးပါတယ်၊ ကုန်ကျတဲ့ပိုက်ဆံကိုလည်း သူတို့ပေးတယ် ” ဟု ဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို ဆေးရုံကြီးတွင်ထားရှိကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ