Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် ၊အောက်သကန်ရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

မြောက်ဦးမြို့နယ် ၊အောက်သကန်ရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

ABN-မေအိအိအောင်

ယနေ့ မတ်လ ၂ ရက်နေ့တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ အောက်သကန်ကျေးရွာ၌ နေအိမ်တစ်ဆောင်မီးလောင်မှုဖြစ်သွားကြောင်းသိရသည်။

မီးဆလာင်မှုကြောင့် နေအိမ်မှာ လောင်ကျွမ်းသွားပြီး ပစ္စည်းများ ဆုံးရှုံးခဲ့ရသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အောက်သကန်ရွာမှ မီးလောင်သွားသည့် နေအိမ်ပိုင်ရှင်မှာ ဒေါ်‌ဝေကျန်နု အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး ၎င်းမှာ တစ်ယောက်တည်းနေထိုင်သူဖြစ်ကြောင်းသိရသည်။

ယနေ့ ၂ နာရီ ၀န်းကျင်ခန့်တွင် မီးလောင်းခြင်းဖြစ်ပြီး အိမ်ပိုင်ရှင်မှာ အိမ်မီးလောင်စဥ် နေအိမ်တွင် မရှိကြောင်း နှင့် မည်သည့်နေရာမှစ၍ မီးလောင်သွားသည်ကို မသိကြောင်း အောက်သကန်ရွာမှ ရွာခံတစ်ဦးက ABNကိုပြောသည်။

“မီးက ၂ နာရီ ၀န်းကျင်လောက်မှာလောင်တာပါ။ ဘယ်ကစပြီးလောင်သလဲမသိပါဘူး။ မီးလောင်တဲ့ခါအိမ်ထဲမှာ အိမ်ပိုင်ရှင်လည်း မရှိပါဘူး” ဟု သူကဆိုသည်။

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဦသာခွေ အသက် ၅၀ ကျော်နှင့် ဒေါ်မဗိုတို့၏ နေအိမ် မီးလောင်မှုဖြစ်ပြီး အိမ်တစ်လုံးမီးလောင် ပြာကျသွားသည်။

ပြီးခဲ့သည့် ဖေဖော်၀ါရီ ၁၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မဟာမုမြတ်မုနိ ဘုရားအနီးရှိ မုန့်တီဆိုင် ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပြီး ဆိုင်ထဲတွင် အိမ်နေသည့် ဆိုင်ပိုင်ရှင်၏သား ကိုမောင်သန်းစိုး အသက်၃၉ နှစ်အရွယ် သေဆုံးသွားခဲ့သည်။

ပုဏ္ဏားကျွန်းတွင်လည်း ဘုန်းကြီးကျောင်းဆောင် မီးလောင်၍ ဘုန်းတော်ကြီးတပါး ပျံလွန်တော်မူခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်၀ါရီ ၂၇ ရက်နေ့ ရက္ခိုင့်တပ်တော် ULA/AA ကျင်းပပြုလုပ်သည့် ၇ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ မီးဘေးအန္တရာယ် ကြိုတင်တားဆီးရေး လုပ်ငန်းများကို အမျိုးသားရေးတာ၀န် တစ်ရပ် ကဲ့သို့ သဘောထားပြီး အားလုံးပူးပေါင်း ကြိုတင်လုပ်ဆောင်ထားသင့်ကြောင်း နိူးဆော်သတိပေးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ