Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ကျေးရွာမှ နွားအကောင်ရေ ၃၀ခန့်ရေဖြင့်မျောပါသွား

မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ကျေးရွာမှ နွားအကောင်ရေ ၃၀ခန့်ရေဖြင့်မျောပါသွား

ABN-ထက်မြတ်ခင်

ဩဂုတ် ၈ရက်

ရခိုင်ပြည် မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ကျေးရွာတွင် ဩဂုတ်လ ၇ရက်နေ့က မိုးရေနစ်မြုပ်မှုကြောင်း နွားအကောင်ရေ ၃၀ခန့် ရေနစ်မြုပ်မျောပါသွားသည်ဟုသိရသည်။

အထက်လေညှင်းတောင်၊ အောက်လေညှင်းတောင်နှင့် ဂုန်းကျွန်းစသည့်ကျေးရွာများတွင် ရေများနစ်မြုပ်နေသည်ဟုသိရသည်။

မြောက်ဦးမြို့နယ်တွင် ရေလျော့သွားခြင်းမရှိဘဲ ယနေ့ ဩဂုတ်လ ၈နေ့တွင် ရေထပ်တိုးလာသဖြင့် ဒေသခံများ ရေဘေးရှောင်နေကြရသည်ဟုသိရသည်။

ထို့အပြင် ကျောက်တော် ၊ မင်းပြားစသည့် မြို့တို့တွင်လည်း ရေများထပ်တိုးလာသည်ဟုသိရသည်။

လက်ရှိ သတင်းရေးနေသည့် နေ့ခင်း ၁၂ နာရီ ၄၄ မိနစ်တွင်လည်း ရခိုင်တပြည်လုံးအတိုင်းအတာဖြင့် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ