Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် လေးမြို့မြစ်ထဲတွင် စကစတပ်သား အလောင်း ၁ လောင်းတွေ့ရှိဟု ဒေသခံများပြော

AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် လေးမြို့မြစ်ထဲတွင် သေဆုံးလျက်ရှိသော စကစတပ်သား အလောင်း ၁ လောင်းအား ယနေ့နံနက်ပိုင်း ၉ နာရီခွဲတွင်တွေ့ ရှိခဲ့ရကြောင်းဒေသခံများကပြောသည်။

စကစ အဖွဲ့ဝင်သည် မည်သည့်အတွက်ကြောင့် သေဆုံးလျက်ရှိနေသည်ကို AB News မှ စုံစမ်းနေဆဲ ဖြစ်သည်။

အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များသည် မင်းပြားမြို့နယ် တောင်ဖြူတောင်ဗျူဟာကုန်းဖက်မှ မြောက်ဦးမြို့ ၅၄၀ တပ်ရင်းသို့ ဘုတ် ၅ စီးဖြင့် ထွက်ပြေး ချိန်တွင် ဘုတ် ၂ စီး ရေနစ်သွားခဲ့ပြီး သေဆုံးခဲ့သည်ဟု ထင်မိကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

“သူတို့က တောင်ဖြူတောင်ကုန်းဖက်က မြောက်ဦးမြို့ ၅၄၀ တပ်ရင်းကို ထွက်ပြေးတယ်လို့ပြောသံကြားပါတယ်၊ အင်အား ၁၀၀ ကျော်လောက်ရှိတာပေါ့၊ ဘုတ် ၂ စီးနစ်မြုပ်သွား ပြီးသေဆုံးသွားတာဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

အကြမ်း ဖက်စစ်ကောင်စီအဖွဲ့သည် ရက္ခိုင့်တပ်တော်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို ထိတ်လန့်၍ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညဥ့် ၃ နာရီကျော်တွင် မြောက်ဦးမြို့သို့ ဘုတ်များဖြင့် တပ်ဆုတ်ခွာသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းရွာဖက်တွင် အရပ်သားများကိုလည်း လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ယူမှုများ ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ