Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် ရက္ကန်းသည်မရွာ တစ်ရွာလုံးနီးပါးပျက်စီး၊ အကူအညီများပေးရန် တောင်းဆို

ABN-မေ ၂၄ ရက်

ရခိုင်ပြည် မြောက်ဦးမြို့နယ် ရက္ကန်းသည်မရွာတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးသွား၍ ကူညီကယ်ဆယ်ရေးများ လာရောက်ပေးကြဖို့တောင်းဆိုထားသည်။

ထိုရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိသည့်အနက် ၁၆၀ ကျော် လုံးဝ ပျက်စီးသွားပြီး ပျက်စီးသည့် အထဲတွင် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများလည်း အားလုံးပျက်စီးသွားကြောင်း ကျောင်းထိုင်ဆရာတော်က ABN သို့မိန့်သည်။

“ရွာမှာ အကုန်လုံးပျက်စီးသွားတယ် ဘုန်းကြီးကျောင်းလည်းမကျန်ဘူး။ စာသင်ကျောင်းလည်းပါသွားတယ်။ ကူညီကယ်ဆယ်ရေးလည်း မရောက်ကြဘူး။ ရွာသားတွေ ဒုက္ခရောက်နေကြတယ်” ဟု ဆရာတော်က မိန့်သည်။

အရေးပေါ်ကယ်ဆယ်ရေးအနေဖြင့် လုံခြုံသည့်အမိုးအကာအောက်အမြန်ဆုံးရောက်နိုင်ရန် ULA/AA က ကူညီကယ်ဆယ်ရေးများ ပြုလုပ်နေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေး စင်တာများကိုလည်း မြို့နယ်များအလိုက် ခွဲ၍ ဖွင့်ထားသည်ကိုတွေ့ရသည်။

WFP နှင့် USAID တို့မှ ဆန်အကူအညီများမှာလည်း ရသေ့တောင်မြို့နယ်ဘက်သို့ ရေကြောင်းမှ တဆင့် သွားရောက်နေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ