Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာတွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မူဆလင် ၅ ဦးဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ် ပေါင်းတုတ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယနေ့ နံနက် ၂နာရီကျော် အချိန်တွင် မူဆလင် ၅ ဦးဒဏ်ရာရခဲ့ကြောင်း AB News မှ သိရှိရသည်။

ဒဏ်ရာရရှိသူမှာ ​မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ်မှ ဇော်မာရာမောက် ၁၆ နှစ်၊ မောင်စိုးနိုင် ၁၉ နှစ်၊ ရွှေမောင် ၁၉ နှစ်၊ အုန်ဘင်နာလီ ၁၂ နှစ်၊ အဒူဘာကိန်း ၂၂ နှစ်တို့ဖြစ်သည်။

စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယနေ့ ဒီဇင်ဘာ ၂၈ရက်၊ နံနက် ၂နာရီ၊ ၂၀မိနစ်အချိန်တွင် ပေါင်းတုတ်ရွာသစ်မှ ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၂နာရီကျော်အချိန်မှာ မြောင်းဘွေရဲစခန်းအနီးမှာ တိုက်ပွဲတွေဖြစ်တယ်။ အဲ့တော့ စစ်ကောင်စီအဖွဲ့ မြောက်ဦးမြို့ အခြေစိုက် ခမရ ၅၄၀၊ ၃၇၇ တပ်ရင်းတွေက မြောင်းဘွေရွာ၊ ကိုင်းတောရွာနှင့် ပေါင်းတုတ်ရွာတွေကို လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့တယ်။ ပေါင်းတုတ်ရွာက ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ယနေ့ မနက်အစောပိုင်းက မြောက်ဦးမြို့နယ် ကိုင်းတောရွာမှ ၁ သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ABN က သတင်းရေးနေချိန် နေ့လည် ၂ နာရီခွဲတွင် ကိုင်းတောရွာ၌ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး မီးလောင်နေကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၄ရက်နေ့မှ စ၍မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့သည် အပြစ်မဲ့ပြည်သူများကို လက်နက်ကြီး၊ တိုက်လေယာဥ်နှင့် ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် သေဆုံးသူ အရပ်သား ၁၅ ဦးနှင့် ၂၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ