သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် ကျေးရွာ ၄ ရွာမှ ပြည်သူ ၄၀၀ ကျော်ကို မုန်တိုင်းဘေးရှောင်ရန် ပုဏ္ဏားကျွန်းသို့ ULA/AA ပို့ဆောင်

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့နယ်ရှိ ကျေးရွာ ၄ မှ ပြည်သူ ၄၀၀ ကျော်ကို မုန်တိုင်းဘေးရှောင်နိုင်ရန်အတွက် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ရက္ခိုင့်တပ်တော် ULA/AAက ယနေ့ ညနေ ၄နာရီ ခန့်တွင် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် နေရာထိုင်ခင်းများချပေးထားကြောင်း သိရသည်။

မုန်တိုင်းဘေးရှောင်လာသည့် ကျေးရွာများမှာ မြောက်ဦးမြို့နယ်မှ ဂျင်ချေရွာ (ခမီး)၊ နတ်ချောင်းရွာဟောင်း ၊ နတ်ချောင်းရွာသစ်၊ ညောင်ပင်လယ် ကျေးရွာတို့မှဖြစ်ကြသည်။

လက်ရှိတွင် ထိုမုန်တိုင်းရှောင် ပြည်သူများအတွက် သောက်သုံးရေ အခက်အခဲများဖြစ်နေကြောင်းလည်းသိရသည်။

မင်းပြားမြို့နယ် ကြပ်စင်ကျွန်းတွင်လည်း မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ လာရောက် မုန်တိုင်းဘေးရှောင်သူ ၂ သောင်းကျော်ခန့်ထိ ရှိနေကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာ ပိုမိုအားကောင်းလာကာ ၂၄ ရက်နေ့တွင် စစ်တွေ၊ ကျောက်ဖြူကြားမှ ဖြတ်ကျော်ဝင်ရောက်လာနိုင်ကြောင်း မိုဇလ ပညာရှင်များက ပြောကြာထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ