Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် ကျောက်တင်ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး

ABN-ရှိုင်းမိုး

မေလ ၁၀ရက်နေ့ ညနေ ၄နာရီအချိန်ခန့်တွင် မြောက်ဦးမြို့နယ်တွင် ကျောက်တင်ကားနှင့် ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းလာသူမှာ ပွဲချင်းပြီး သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသောသူမှာ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ရွာမှ အသက် ၃၀အရွယ် ဦးအောင်ဝင်းဖြစ်သည်။

ဦးအောင်ဝင်းသည် မေ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ကျောက်တော်ဖက်မှ မြောက်ဦးဖက်သို့လာရာလမ်းတွင် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ရွာအနီးတွင် မြောက်ဦးဖက်မှ ထွက်လာသည့် ကျောက်တင်ကားနှင့် တိုက်မိ၍နေရာ၌သေဆုံးသွားခဲ့သည်။

“၄ နာရီလောက်ရှိဖို့ထင်ပါတယ်၊ ကျောက်တင်ကားနဲ့တိုက်မိတာ၊ ဦးခေါင်းကိုထိသွားတာပါ၊ ဒါကြောင့် တိုက်တဲ့နေရာမှာ​သေသွားပါတယ်” ဟု ကျောက်ဆည်ပြင်ရွာမှ ဦးညီပုမှပြောသည်။

ထိုကျောက်တင်ကားမောင်းသူအား သက်ဆိုင်ရာ ULA နယ်မြေရုံးရဲအဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

ဓာတ်ပုံ-APM

မြောက်ဦးမြို့နယ် ကျောက်တင်ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ