Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်၊ လောင်းကြက်ကျေးရွာက သားဖြစ်သူအား ဓားဖြင့်ခုတ်သတ်မိ၍ ဖခင်ဖြစ်သူ ရင်ကွဲကျနာကျသေဆုံး

မြောက်ဦးမြို့နယ်၊ လောင်းကြက်ကျေးရွာက သားဖြစ်သူအား ဓားဖြင့်ခုတ်သတ်မိ၍ ဖခင်ဖြစ်သူ ရင်ကွဲကျနာကျသေဆုံး

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၅ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာက ယမန်နေ့ အောက်တိုဘာလ ၂၄ရက်နေ့ ညနေအချိန်က ဖြစ်ပွားခဲ့သည့် သားဖြစ်သူအားဓားဖြင့်ခုတ်သတ်မှုတွင် သားဖြစ်သူသေဆုံးသောသည့်အတွက် ဖခင်ဖြစ်သူပါ ရင်ကွဲနာကျ၍သေဆုံးသွားသည်ဟု ရွာသားများပြော၍ သိရသည်။

သေဆုံးသွားသည့် ဖခင်ဖြစ်သူမှာ မြောက်ဦး လောင်းကြက်ကျေးရွာမှ ဦးအောင်မင်းစိန်ဖြစ်ကြောင်းသိရသည်။

ဦးအောင်မင်းစိန်မှာ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူဖြစ်ပြီး သားဖြစ်သူ၏ ရိုက်နှက်ခြင်းကို ၂ကြိမ်ခံထားရကာ ယမန်နေ့ ညနေက သားဖြစ်သူ မောင်အောင်မင်းထွန်းအား ဒေါသထွက်ပြီး ဓားဖြင့်ခုတ်သတ်မိသောကြောင့် ယမန်နေ့ညမှာပင်ရင်ကွဲ၍သေဆုံးသွားသည်ဟု ကျေးရွာတစ်ဦးက အတည်ပြု ပြောသည်။

“သူ့အဖေမှက အရင်ကတည်းက သွေးတိုးနှင့် နှလုံးရောဂါရှိပါတယ်၊ သားက တအားဆိုးတာ၊ အဖေ့ကို သူရိုက်တာ ၂ကြိမ်ရိုက်တာရှိပါတယ်၊ သူ့အဖေကလည်း ကြောက်စိတ်တွေ၊ ဒေါသစိတ်တွေရောပြီး သတ်မိလိုက်တာထင်ပါတယ်၊ သူကလည်း သားကိုသတ်မိလိုက်တယ်ဆိုတဲ့စိတ်နဲ့ သေဆုံးသွားတာပါဟု” ပြောသည်။

ထိုအမှုကို အာရက္ခပြည်သူ့အစိုးရ နယ်မြေအုပ်ချုပ်ရေးရုံးက ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ